ပလတ်စတစ်အစားထိုးဖို့ ဝါးရေဘူးကို တီထွင်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား

ပလတ်စတစ်အစားထိုးဖို့ ဝါးရေဘူးကို တီထွင်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား

အိန္ဒိယ နိုင်ငံ ၊ အာသံ ပြည်နယ်က IIT Dhanbad ကျောင်းဆင်း တစ်ယောက် ဖြစ်တဲ့ စွန့်ဦးတီထွင် သူ Dhritiman Bora က ပလတ်စတစ် အစားထိုး အသုံးပြုဖို့ အတွက် သဘာဝပတ်ဝန်းကျင် အကျိုးပြု ဝါးရေဘူး ကို စတင် တီထွင် ခဲ့တာ ဖြစ် ပါ တယ် ။

သူ တီထွင် ခဲ့တဲ့ ဝါး ရေဘူး အမျိုးအစားကို ဝါးစစ်စစ် နဲ့ သာ ပြု လုပ် ထား တာ ဖြစ် ပြီး သဘာဝ ဝါးရေဘူးအစစ်သာ ဖြစ် တယ် လို့ သိ ရ ပါ တယ် ။

ရေ ယိုဖိတ်မှု မရှိအောင် စိတ်ချ ရတဲ့ အလုံ ပိတ်ဘူး အဆို့ ကို အသုံးပြု ထား တာ ကြောင့် ရာနှုန်း ပြည့် ရေ လုံ စေ မှာ ဖြစ် ပြီး သုံး နေ ကျ ဖြစ် တဲ့ ရေဘူးတွေ လိုမျိုး သွား လေ ရာ စိတ်ချ လက်ချ ယူဆောင် သွား စေ နိုင် မှာ လည်း ဖြစ် ပါ တယ် ။

ဈေးနှုန်း အ နေ နဲ့ သဘာဝ ဝါးရေဘူး တစ်ဘူးကို အရွယ် အစား အလိုက် အိန္ဒိယ ရူပီးငွေ ( ၄၀၀ ) ကနေ ( ၆၀၀ ) အတွင်း ကျ သင့် မှာ ဖြစ် တယ် လို့ သိ ရ ပါတယ် ။

ဝါး နဲ့ ပြုလုပ် တဲ့ သဘာဝ ထုတ်ကုန် အမျိုး အစား များ စွာ ကို မြင်တွေ့ ခဲ့ဖူး ပြီး ဖြစ် သလို ဒီစာရင်း ထဲမှာ ဝါးရေဘူး တစ်မျိုး ကို ထပ် တိုး မြင်တွေ့ လာ ရ ဖို့ ရှိ နေ ပါ ပြီ ။

သဘာဝ ဝါးကို အသုံးပြု ထားတဲ့ အကျိုးကျေးဇူး ကြောင့် ရေဘူးထဲက ရေ ဟာ အေး မြ လို့ ကျန်းမာရေး နဲ့ ညီညွတ် စေ ပါ တယ် လို့ Bora က ဆို ပါ တယ် ။

ပလတ်စတစ် ရေဘူးတွေ ဟာ လူကို ဘေးဥပါဒ် ဖြစ်စေ တတ် သလို နွေရာသီမှာ ဆိုရင် အပူရှိန် ဒဏ် နဲ့ ဓာတုဓာတ် တွေ ရေထဲ ပျော်ဝင် နေ တတ် တာ ပါ ပဲ ။

ဒေသခံ လူထုမှာ ပလတ်စတစ် အစားထိုး နေ့စဉ်သုံး သဘာဝ အ ခြေပြု အသုံး အ ဆောင် ပစ္စည်းတွေကို အသုံးပြု တတ်ဖို့ အတွက် အသိပညာ အားနည်းနေဆဲ ဖြစ်တာက Dhritiman Bora တို့အုပ်စုအတွက် သဘာဝ ဝါးရေဘူးနဲ့ပတ်သက်ပြီး အဓိက ကျော်နင်းရမယ့် စိန်ခေါ်မှုလဲဖြစ်နေပါတယ်။

Credit – YoYarLay

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners