ဒန့်သလွန်လက်တစ်ဆုပ်နဲ့ ရောဂါအမျိုး သုံးဆယ်

ဒန့်သလွန်လက်တစ်ဆုပ်နဲ့ ရောဂါအမျိုးသုံးဆယ်

ကျွန်တော်ကတစ်ပတ်ကိုဒန့်သလွန်ရွက်လက်တစ်ဆုပ်စီကို၂ခါလောက်စားဖြစ်ပါတယ်။

ဒီနေ့ဒန့်သလွန်ရွက်လက်တစ်ဆုပ်ကြော်စားရင်းနဲ့အမျိုးတွေကိုလည်းသတိရပြီးမျှဝေချင်တဲ့စိတ်ဖြစ်လာတဲ့အတွက်ဒန့့်သလွန်ရွက်ရဲ့အံ့သြဘွယ်ရာကောင်းကျိုးတွေန်းစီပြီးပြောပြပါမယ်။

ကျွန်တော်ငယ်ငယ်တုန်းကနို့ကောင်းကောင်းမထွက်တဲ့ကလေးမိခင်တစ်ယောက်ကိုတွေ့ဖူးပါတယ်။

အဲဒီကလေးအမေဟာဒန့်သလွန်ရွက်ဟင်းချိုသောက်ပြီးနောက်မှာအဖြူရောင်နို့ရည်တွေပန်းပြီးထွက်လာတာကိုအံ့သြစွာတွေ့ခဲ့ရပါတယ်။

ရန်ကုန်မြို့၊ရွှေဘုံသာလမ်းကသူဌေးကြီးတစ်ယောက်ဆိုရင်သွေးတိုးဆီးချိုအကြီးအကျယ်ဖြစ်တာ။သွေးက၁၈ဝလောက်တက်တယ်၊

ဆီးချိုက၄ဝဝလောက်တက်တယ်။ဘယ်လိုလုပ်သက်ဆိုးရှည်နိုင်ပါ့မလဲ။

သို့သော်ဒန့်သလွန်ရွက်ကိုထောင်းပြီးသောက်လိုက်တော့သွေးတိုးရောဆီးချိုပါပုံမှန်ပြန်ဖြစ်သွားတာကိုအံ့သြစွာတွေ့ခဲ့ရပါတယ်။

အခုဆိုရင်အသက်၉ဝနီးပါးရှိနေပါပြီ၊ကျန်းမာဆဲပါပဲ။

တောရွာတွေမှာဆောင်းတွင်းမိုးတွင်းဆိုရင်ကလေးလူကြီးအများစုနှာစေးနှာမွှန်အအေးမိကြလေ့ရှိတယ်။ ဟတ်ချိုးဆိုတဲ့အသံဟာရွာလုံးကျွတ်ပဲ။

ဒန့်သလွန်ဟင်းခါးပူပူလေးတွေပေးသောက်လိုက်တော့အချိန်တိအတွင်းမှာပျောက်ကင်းသွားကြတယ်။

ရေရှားတဲ့တောရွာလေးတစ်ခုကိုရောက်စဉ်ကလည်းအဲဒီရွာကရေတွေကနောက်လွန်းတဲ့အတွက်သောက်လို့မရပါဘူး။

ဒါပေမဲ့ဒန့်သလွန်စေ့ကိုအမှုန့်ထောင်းပြီးခပ်လိုက်တဲ့အခါမှာတော့ရေကြည်ရေသန့်ကိုရပါတယ်။အံ့သြစရာကြီးပါ။

အဲဒီတောရွာကလူတွေပြောပြချက်အရဒန့်သလွန်ပင်ဟာဘယ်လောက်အံ့သြစရာကောင်းလဲဆိုရင်အပင်ကိုဘယ်လိုသတ်သတ်မသေပါဘူးတဲ့။

သူ့အစေးနဲ့သူပြန်လည်ပတ်ဖွဲ့ပြီးအပင်ပြန်လည်ရှင်သန်အောင်သူ့ဟာသူပြန်လုပ်တယ်ဆိုတာကိုလည်းအံ့သြဘွယ်ရာကြားသိခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာဒန့်သလွန်နဲ့ပတ်သက်လို့ကင်ဆာရောဂါကိုပျောက်ကင်းအောင်လုပ်ပေးနိုင်တယ်ဆိုတာအနောက်နိုင်ငံကပညာရှင်တွေသိရှိလာကြပြီဖြစ်ပါတယ်။

ကင်ဆာကိုတောင်နိုင်တယ်ဆိုတဲ့အတွက်ဒန့်သလွန်ကိုသေချာသုတေသနပြုကြပါတယ်။

သူတို့ရဲ့လေ့လာချက်တွေအရဒန့်သလွန်မှာလူ့အကျိုးပြုဗီတာမင်တွေသတ္တုဓာတ်တွေအများကြီးပါဝင်ပြီးအောက်ပါအကျိုးကျေးဇူးတွေကိုပေးစွမ်းပါတယ်-

၁)စိတ်ကြည်လင်လန်းဆန်းစေခြင်း

၂)သွေးတိုးကိုချပေးနိုင်ခြင်း

၃)ကင်ဆာအဖုအကျိတ်များကိုဖယ်ရှားပေးခြင်း

၄)အနုဇီဝပိုးများကိုဆန့်ကျင်ခြင်း

၅)နှလုံးသွေးလည်ပတ်မှုကောင်းခြင်း

၆)သွေးအားကောင်းခြင်း

၇)အင်စူလင်ကဲ့သို့အာနိသင်ရှိခြင်း

၈)အဆီချပေးခြင်း

၉)ရောင်ကိုင်းခြင်းကိုလျှော့ချပေးခြင်း

၁၀)အင်နာဂျီတိုးတက်စေခြင်း

၁၁)ကော်လက်စတြောချပေးခြင်း

၁၂)ကိုယ်တွင်းကိုယ်ပဒဏ်ရာများကိုပျောက်စေခြင်း

၁၃)ကိုယ်တွင်းအဆိပ်များကိုထုတ်ပေးခြင်း

၁၄)နှာစေးနှာမွှန်ခြင်းကိုပျောက်စေခြင်း

၁၅)ဂေါက်ရောဂါကိုသက်သာစေခြင်း

၁၆)ကလီစာလုပ်ငန်းများကိုကူညီခြင်း

၁၇)အဆိပ်အတောက်ပြေခြင်း

၁၈)ဆီးချိုချပေးခြင်း

၁၉)ဆံပင်သန်စေခြင်း

၂၀)ဖက်ခွက်နာပြည်တည်နာကိုပျောက်စေခြင်း

၂၁)အသားပိုမထွက်အောင်တားဆီးခြင်း

၂၂)ကာမအားတိုးပွားစေခြင်း

၂၃)ကိုယ်ခံအားတက်ခြင်း

၂၄)မျက်စိအမြင်ကြည်လင်စေခြင်း

၂၅)စိတ်ကျရောဂါကာကွယ်ပေးခြင်း

၂၆)အသားရေလှပခြင်း

၂၇)ခံနိုင်ရည်အားကောင်းခြင်း

၂၈)အဆစ်အမျက်နာကျင်မှုကိုသက်သာစေခြင်း

၂၉)မှိုရောဂါကိုဖယ်ရှားပေးခြင်း

၃၀)အင်တီအောက်ဆီ့ဒင့်ကြွယ်ဝခြင်းစသည်ဖြင့်ကောင်းကျိုးတွေအများကြီးဖြစ်ပါတယ်။

အဲလောက်ဆိုရင်တော့ဒန့်သလွန်ရွက်ကိုစားဖို့သင့်ပြီပေါ့။နိုင်ငံတကာမှာဒန့်သလွန်ဆေးတွေကစျေးသိပ်ကြီးပါတယ်။

ကျွန်တော်တို့မြန်မာပြည်မှာတော့နေရာအနှံ့တွေ့ရပါတယ်။မြေရှိသူများအပင်စိုက်ထားဖို့ကောင်းပါတယ်။

ပေါများစွာရနေတဲ့အတွက်တစ်ပတ်ကိုတစ်ကြိမ်နှစ်ကြိမ်လောက်စားပေးကြပါ။အများကြီးစားစရာမလိုပါဘူး။တစ်ခါစားရင်လက်တစ်ဆုပ်လောက်ပါပဲ။

စားတာကတော့လက်တစ်ဆုပ်ဆိုပေမဲ့ရရှိမယ်အကျိုးကျေးဇူးတွေကတော့မရေတွက်နိုင်အောင်ပဲဖြစ်ပါလိမ့်မယ်လို့…………

ချစ်ခင်လေးစားလျှက်………..

Credit စာရေးဆရာ ဆရာမင်းကျော်ဝင်း

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners