ရေခဲသေတ္တာထဲမှာ အနံ့တွေ ပျောက်အောင် လုပ်တဲ့နည်း

ရေခဲသေတ္တာထဲမှာ အနံ့တွေ ပျောက်အောင် လုပ်တဲ့နည်း

ရေခဲသေတ္တာထဲမှာ နံနေရင် –

၁။ ရေခဲသေတ္တာရဲ့ မီးခလုတ်ကို ပိတ်ပြီး ပလပ်ကိုချွတ်ပါ။

၂။ အထဲမှာရှိတဲ့ အစားအသောက်အားလုံးကို ထုတ်လိုက်ပါ။

၃။ ရေခဲသေတ္တာထဲက စင်တွေ၊ အောက်ဆုံးက အသီးအရွက်ထည့်တဲ့ ဇလားတွေ ကို အပြင်ထုတ်လိုက်ပါ။

၄။ ဆပ်ပြာမှုန့်ကို ရေခပ်နွေးနွေးနဲ့ ဖျော်ပြီး မျက်နှာသုတ်ပုဝါသေးသေးလို ပျော့ပြောင်းနူးညံ့တဲ့ အဝတ်စမှာဆွတ်။

၅။ ရေခဲသေတ္တာ အတွင်းပိုင်းတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပါ။ အထူးသဖြင့် အသားငါးတွေ၊ အအေးတွေက ကျနေတဲ့ အရည်တွေကို သေသေချာချာ လုံးဝပြောင်သွားတဲ့ထိ သုတ်ပါ။

၆။ အားလုံးပြီးသွားရင် အနံ့ ပျောက်စေတဲ့ အောက်ပါ ပစ္စည်းတစ်မျိုးမျိုးကို ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပိတ်ထားပါ။ အနံ့ပျောက်ပြီဆိုမှ ထုတ်ပြီး အစားအသောက်တွေ ပြန်ထည့်ပါ။

က)မီးသွေးသန့်သန့်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။

ခ) ကွေကာအုတ်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။

ဂ) ကော်ဖီမှုန့်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။

ဃ)ရှာလကာရည်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။

င)ဘိတ်ကင်းဆိုဒါ(BakingSoda)နဲ့ ရေခဲသေတ္တာအတွင်းပိုင်းကို ဖြူးပေးပါ။ နောက်ပြီး ဆိုဒါ အထုပ်လိုက်ထည့်ထားပါ

Credit…Original Uploader

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners