
ကင်ဆာရောဂါ ဖြစ်ခါနီးပြီဆိုရင် ဒီ လက္ခဏာ (၅) မျိုး ဖြစ်လာလိမ့်မယ်
ခန္ဓာကိုယ်မှာ ဘာအကြောင်းမှ မရှိဘဲ နာကျင်မှုတွေ၊ ယားယံမှုတွေဖြစ်လာတာ ၊ ထူးဆန်းတဲ့ အခြေအနေတွေကြုံတွေ့ရတယယ်ဆိုတာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး၊
ကိုယ်တွင်းအင်္ဂါမှာ တစ်ခုခု အပြောင်းအလဲဖြစ်နေလို့ပါ။ ခန္ဓာကိုယ်မှာ အခုဖော်ပြမယ့် ထူးခြားချက်လေးတွေဖြစ်နေပြီဆိုရင် ကင်ဆာရောဂါနဲ့ တခြားရောဂါတွေဖြစ်ဖို့ အစပြုတာ ဖြစ်နိုင် ပါတယ်။
(၁) ရေခဲတုံးတွေ တကျွတ်ကျွတ်ဝါးစားချင်နေတာ
======================================
ကိုယ်ဝန်သည်တွေ ချဉ်ခြင်းတက် သလိုမျိုး ရေခဲတုံးတွေကို တကျွတ်ကျွတ် ၀ါးစားချင်နေတယ် ဆိုရင် သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်တဲ့သွေး အားနည်းရောဂါကြောင့်ဖြစ် နိုင်ပါတယ်။
နေ့စဉ်စားသောက်တဲ့ အစားအစာတွေ ထဲမှာ သံဓာတ် အလွန်နည်းပါး နေတာကြောင့် သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေ ကိုစားပေးပြီး သံဓာတ် အားဖြည့်ဆေးသောက်ဖို့လိုပါ လိမ့်မယ်။
ဒါ့အပြင် အစာချေ လမ်းကြောင်းနဲ့ပတ်သက်တဲ့ ကင်ဆာရောဂါ တစ်မျိုး အစပြု ချင်တာကြောင့် သွေးလှည့်ပတ်မှုကမောက်က မဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။
ဒါဟာ မပေါ့ဆသင့်တဲ့ အခြေအနေတစ်ခုမို့ ဆရာဝန်နဲ့သေချာစစ်ဆေးပြီး အစားအသောက် ပုံစံပြောင်းဖြစ်အော င်ပြောင်းရမှာပါ။
(၂) ရေချိုးပြီးတိုင်း အရေပြားမှာ ယားယံနေတာ
====================================
ရေချိုးပြီးတိုင်း အရေပြားယားယံ တာမျိုးက ဖြစ်နိုင်ချေ အများကြီး ဖြစ်နိုင်ပါတယ်။ ရေချိုးဆပ်ပြာနဲ့မတည့်တာကြောင့်လည်းဖြစ်နိုင်တာကြောင့် ရေချိုးပြီး အရေပြား ယားယံနေရင် ရေချိုးဆပ်ပြာပြောင်းသုံးကြည့်ပါ။
အဲ့လိုပြောင်းသုံးတာတောင် ရေချိုးပြီးတိုင်း ယားယံနေတုန်း၊ ရေချိုးပြီးနာရီတော်တော် များများကြာတဲ့ အထိ ယားယံနေတုန်းဆိုရင်တော့ စိုးရိမ်ရတဲ့ အနေအထားပါ။
အဲ့ဒါက အသည်းနဲ့ ပြန်ရည်ကြိတ် ကင်ဆာတွေရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်တာကြောင့် အသည်းနဲ့ပြန်ရည်ကျန်းမာရေး အခြေအနေကို စစ်ဆေးကြည့် သင့်ပါတယ်။
(၃) ထိခိုက်မှုအသေးစားလေးတွေမှာမခံမရပ် နိုင်အောင်နာကျင်နေတာ
======================================
သွားလာ လှုပ်ရှားနေကြတဲ့ သူတွေတိုင်း မတော်တဆထိ မိခိုက်မိဖြစ်တတ် ကြတာ ချည်းပါပဲ။ အဲ့ဒီလို ထိခိုက်မိတဲ့ အခါမှာလည်း ခဏတဖြုတ်နာကျင်မှုတွေ ဖြစ်ပြီးရင် အချိန်ခဏအတွင်း သက်သာသွားတာပါ။
အဲ့လိုမဟုတ်ဘဲ ထိခိုက်မိတဲ့အခါ အရိုးတွေက မခံမရပ်နိုင်အောင် နာကျင်တတ်တယ် ဆိုရင်တော့ အရိုးကင်ဆာအစပျိုးနေတာဖြစ်နိုင်ပါတယ်။
(၄) အမြဲလိုလိုရင်ပြည့်နေတာ
======================
အစားအသောက်ကြောင့် တခါတလေ ရင်ပြည့်ရင်ကယ် တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက်ဆိုသလို အစားအသောက်ပျက်တဲ့ အထိ ရင်ပြည့်နေတာမျိုး ၊ ကိုယ်ကြိုက်တဲ့ အစားအစာတွေတောင် မစားချင်လောက်အောင်ဖြစ်နေတာမျိုး၊
အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာတဲ့ အချိန်တွေတိုင်းမှာ အစားစားလို့မရအောင် ရင်ပြည့်နေတတ်တယ်ဆိုရင်တော့ ကျန်းမာရေး စစ်ဆေးဖို့လိုနေပါပြီ။ သားအိမ်ကင်ဆာ ဖြစ်နိုင်ချေ ရှိတာကြောင့် မပေါ့ဆသင့်ပါဘူးနော်။
(၅) ရင်သားမှာအနီကွက်လေးတွေဖြစ်နေတာ
==================================
ရင်သားကင်ဆာဖြစ်လာရင် စောစောစီးစီး သတိထားမိဖို့ ရေချိုးခါ နီးတိုင်း ရင်သားတဝိုက် အကျိတ်ရှိမရှိစမ်းသပ် ရပါတယ်။
တကယ်တော့ ရင်သားအကျိတ်ထက် စောစော သိသာတာက ရင်သားမှာ အနီကွက်လေးတွေဖြစ်လာတာပါ။ ဒါကြောင့် ရင်သားတဝိုက် အနီကွက်လေးတွေတွေ့ရင် ရင်သားကင်ဆာ အစပြုတ ဖြစ်နိုင်ပါတယ်။
Credit: MAY THAZINHTOO
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners