
ဘဲဥကို ပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။
ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲကို ဖောက်ထည့်လိုက်ပါ ။
စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက်သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။
တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥ တစ်လုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။ တစ်နေ့ကို ဘဲဥတစ်လုံးကို ကုန်အောင် စားရပါလိမ့်မည် ။
ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတစ်လုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည်။
ဥပမာ အသက် ၄၀ နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ ၂၀ စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။
ဘဲဥ စားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည် ဖြစ်ပေါ်စေရန် ဖြစ်ပါသည် ။
ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာ ပျောက်ကင်းသွားပါလိမ့်မည်။
လေမဖြတ်စေရန် အတွက်
=====================
လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။ တစ်ခါထဲ သေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေတာထက်ဆိုး၏ ။
လုပ်ကိုင်ပေးရသော မိသားစုသည်လည်း ကြာလာတော့ ငြိုငြင်လာတက်သည်။ ဒါကြောင့် တသက်လုံးလေမဖြတ်အောင် ဆေးနည်းလေးလမ်းညွှန်ပါ၏ ။ ယုံကြည်စွာလုပ်ကိုင်ဆောင်ရွက်ကြပါ။
လပြည့်နေ့မှာ ဘဲဥပြုတ် သကြားများများနဲ့ တို့တို့စားပါ။ ၄ လဆက်တိုက် စားရပါမည်။
လေးလမှာ လပြည့်နေ့တိုင်း စားရမည်ဖြစ်သည်။ တအိမ်သားလုံးစားပါ။ တစ်ယောက် တစ်လုံးလောက်သာ စားပါ။
အကယ်၍လပြည့်နေ့ တစ်ရက် ပျက်ခဲ့သော် အစကပြန်စားရပါမည်။
၄ လဆက်တိုက် မပျက်မကွက်လုပ်ဆောင် အောင်မြင်သော် လေဖြတ်ရောဂါ တစ်သက်လုံး မဖြစ်တော့ပေ။
ဤဂမ္ဘီရ ဆေးနည်းတဖုံနှင့် လေဖြတ်ရောဂါ ကင်းဝေးကြပါစေ။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners