ဈေးကုန်းဆရာတော်ဘုရားကြီး၏ အံသွားတော် ၃ဆူ မီးမခဘဲ ရွှေရောင်အဖြစ်ကြွင်းကျန်ရစ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်​ နေ

ကျေးဇူးတော်ရှင် ဈေးကုန်းဆရာတော်ဘုရားကြီးကတော့ ပြင်ဦးလွင်မြို့ အနီးစခန်းလေယာဉ်ကွင်းအနီးမှာ တပ်မတော်လေယာဉ်ပျက်ကျမှုမှာ ပါဝင်သွားခဲ့ပြီး ဘဝနတ်ထံပျံလွန်သွားခဲ့တာပဲဖြစ်ပါတယ်



ကျေးဇူးတော်ရှင် ဈေးကုန်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဋ္ဌန ပူဇာသဘင်အခမ်းအနားကို ဇွန်လ ၁၄ ရက် မွန်းလွဲပိုင်းက ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့တယ်လို့ သိရှိခဲ့ရတာပါ



ယနေ့မှာတော့ ဈေးကုန်းဆရာတော်ဘုရားကြီး၏ အံသွားတော် ၃ဆူ မီးမခဘဲ ရွှေရောင်အဖြစ်ကြွင်းကျန်ရစ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်



လူမှုကွန်ယက်မှာလည်း အငြင်းပွားမှုတွေအမျိုးမျိုးထွက်ပေါ်နေသလို လူအများစိတ်ဝင်စားနေတာဖြစ်လို့ ဓာတ်ပုံနဲ့တကွ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်နော်