
မြွေတွေကို အိပ်မက် မြင်မက်တဲ့အခါဘာဖြစ်တတ်သလဲ
၁- မြွေ ကို ကြောက်ပြီးထွက်ပြေးတယ်လို့ အိပ်မက်မက်တဲ့အခါ
အိပ်မက်ထဲမှာ မြွေက ကိုယ့်ကို ကိုက်တော့မယ့်ပုံစံ၊ ပေါက်တော့မယ့်ပုံစံနဲ့လိုက်လာလို့ ကြောက်လန့်တကြားထွက်ပြေးရတယ်လို့
အိပ်မက်မြင်မက်တယ်ဆိုရင်သင့်ထံသို့ ကံမကောင်းတဲ့ကိစ္စရပ်တစ်ခုမကြာခင်ရောက်ရှိလာတော့မှာလို့ဆိုလိုခြင်းဖြစ်ပါတယ်။
၂- မြွေ နဲ့ တရင်းတနှီးကစားနေရတယ်လို့ မြင်မက်လျှင်
သင်ဟာပြင်ပမှာတော့ မြွေကိုသေမလိုကြောက်ပေမယ့် အိပ်မက်ထဲမှာမြွေနဲ့ ရင်းနှီးကျွမ်းဝင်စွာကစားနေတယ်လို့ မြင်မက်တယ်ဆိုရင်
သင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာ တွေရဲ့အရင်းအမြစ်ကိုရှာတွေ့ပြီးမကြာခင်ဖြေရှင်းနိုင်တော့မှာဖြစ်ပါတယ်။
၃- မြွေအရေခွံလဲတာကို သင်ကိုယ်တိုင်မြင်တွေ့ရတယ်လို့ မြင်မက်လျှင်
အိပ်မက်ထဲမှာ မြွေတစ်ကောင်အရေခွံလဲနေတာကို သင့်မျက်စိရှေ့မှာမျက်ဝါးထင်ထင်မြင်တွေ့ရတယ်ဆိုရင် မကြာခင်အချိန်မှာသင့်
ထံသို့ ကောင်းသော ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေရောက်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
၄- မြွေကို သတ်ရတယ်လို့ အိပ်မက်မြင်မက်လျှင်
အိပ်မက်ထဲမှာသင်ကိုယ်တိုင်မြွေကို သတ်လိုက်ရတယ်လို့ အိပ်မက်မြင်မက်လျှင် သင့်ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲဆုံးပြဿနာ
တွေကို ယုံကြည်ချက်အပြည့်နဲ့ ကျော်လွှားနိုင်မှာဖြစ်ပြီး သူမတူတဲ့အောင်မြင်မှုမျိုးရရှိတော့မှာဖြစ်ကြောင်း နိမိတ်ပြခြင်းဖြစ်ပါတယ်။
၅- မြွေကသင်ဘယ်သွားသွားနောက်ကလိုက်လာတယ်လို့မြင်မက်တဲ့အခါ
အိပ်မက်ထဲမှာ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်နေတယ်လို့ မြင်မက်တာဟာ သင့်မှာ ငိုစရာ၊ ဝမ်းနည်းစရာကိစ္စရပ်တစ်ခု
ဖြစ်ပေါ်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
၆- မြွေကိုက်ခံရတယ်လို့ အိပ်မက်မြင်မက်လျှင်
အိပ်မက်ထဲမှာ သင့်ကိုမြွေတစ်ကောင်ကပြင်းပြင်းထန်ထန် လိုက်ကိုက်ပြီးသင်ဒဏ်ရာရသွားတယ်လို့မြင်မက်တယ်ဆိုရင် ဘယ်လိုမှ
ရှောင်လွဲလို့မရတော့တဲ့ ပြဿနာအကြီးကြီးပေါ်လာတော့မှာဖြစ်ပါတယ်။ ဒီလိုအိပ်မက်မျိုးမြင်မက်ပြီးပြီဆိုရင် မပေါ့ဆသင့်ပဲသတိကြီးစွာနေထိုင်သင့်ပါတယ်။
၇- မြွေအချင်းချင်းရန်ဖြစ်နေတာကို အိပ်မက်မြင်မက်လျှင်
မြွေအချင်းချင်းရန်သတ်နေတာကို အိပ်မက်မြင်မက်တယ်ဆိုရင် သင်ပေါင်းသင်းနေတဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ သင့်ကို မလိုမုန်းထားသူရှိနေပြီလို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners