ရက် ၄၀ ကျော်ကြာ နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်သွားပြီဖြစ်တဲ့ သရုပ်ဆောင်ဇဏ်ခီတို့မိသားစု

ဥပါယ်တံမျဉ် Now & Ever စတဲ့ဇာတ်ကားများနဲ့ နာမည်ကြီးခဲ့တဲ့ နာမည်ကျော် သရုပ်ဆောင် ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ်စတီးနားခီတို့ စုံတွဲဟာရက် ၄၀ ကြာ အကျယ်ချုပ်ထိန်းသိမ်းခံထားခဲ့ရတာဖြစ်ပြီး ယနေ့မှာတော့ လွတ်မြောက်သွားပြီလို့ သိရပါတယ်


ဇာဏ်ခီတို့ ဇနီးမောင်နှံဟာ ဒီမိုကရေစီအရေးမှာတက်ကြွစွာလှုပ်ရှားခဲ့တာကြောင့် ဧပြီ ၁၇ ရက်နေ့ ရန်ကုန်လေဆိပ်ကနေ ပြည်ပထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပဲ အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရတာ့ဖြစ်ပါတယ်


လက်ရှိမှာတော့ ဇာဏ်ခီတို့ မိသားစုဟာ အာရှနိုင်ငံတခုမှာ ရောက်ရှိနေတယ်လို့ သိရပြီးသရုပ်ထိန်းသိမ်းခံရချိန် ကာလတုန်းက ဆေးကုသခွင့်မရတဲ့သူ့ရဲ့ အရိုးအကြောရောဂါကပိုမိုဆိုးရွားခဲ့တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။


ဇာဏ်ခီရဲ့ ပရိသတ်တွေကတော့ ဇာဏ်ခီတို့ဇနီးမောင်နှံပြန်လည်လွတ်မြောက်လာခဲ့လို့ ဝမ်းသာနေကြတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ ဇာဏ်ခီတို့ မိသားစုလေး အဆင်ပြေပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်နော်