
ညအိပ်ရာဝင်ချိန် ခြေထောက်ဆေးခြင်းဖြင့် မျက်စိကြည်ခြင်း၊ အတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်နိုင် သည်ဟု ရှေးလူကြီးများပြောကြသည်။
တစ်နေကုန်သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်တွင်းရောက်ရှိလာသော အပူအခိုးအငွေ့များသည် ညအိပ်ချိန်တွင် အထက်သို့တက်ကြသည်။
အိပ်ပျော်နေရင်း ခေါင်းချေွးများထွက်ခြင်း၊ သွားရည်ကျခြင်း၊ အစာမစားဘဲ ပါးစပ်မှဝါးခြင်း၊ သွားကျိတ်ခြင်း၊ ကယောက်ကတမ်းပြောခြင်းများသည် လေပူအထက်သို့ တက်ခြင်းကြောင့် ဖြစ်ရသည်။
ဆီးချို၊ သွေးချိုရောဂါရှိသူများသည် ညအိပ်ပျော်သွားပြီးတစ်ရေးနိုးတွင် အာခေါင်ခြောက်ပြီးရေငတ် လေ့ရှိသည်။
အစာအိမ်မှ အပူငွေ့ပျံပြီး အာခေါင်မှသွားဖုံး၊ အထက်မျက်စိထိအောင် အပူငွေ့တက်သ ဖြင့် ဆီးချိုသမားများ မျက်စိကွယ်သည်အထိ ဖြစ်ရလေသည်။
ဆီးချိုသွေးချိုရောဂါကို ကုသသည်က တစ်ဖက်၊ အခြားတစ်ဖက်ကလည်း တိုင်းရင်းဆေးပညာဥပဒေသ ကုထုံးများနှင့်အညီ ပြုသင့်သည်။
ထိုသို့ပြုရန်နည်းလမ်းမှာ ညအိပ်ရာမဝင်မီ ခြေဖဝါးတွင် ဆားပွတ်ခြင်း၊ ဒူးမှအောက်ပိုင်းသို့၊ ရေလောင်းရေဆေးခြင်း ပြုရမည်။
ရေလောင်းသည့်အခါတွင်လည်း အတော်မသင့်မဟုတ်ဘဲ ခုနှစ်ခွက်ျမှ ၁၀ ခွက် အထိ အခိုးအကင်းများ ကုန်စင်အောင်လောင်းဆေးခြင်းသည် ကျန်းမာရေးအတွက် အကျိုးရှိစေသည်။
ခြေထောက်ရေဆေးခြင်းကြောင့် ညတစ်ရေးနိုးချိန် အာခြောက်ရေငတ်ခြင်းနှင့် ဆီးချိုကြောင့် မ်က္စိ ကွယ်ခြင်းကိုပါ ကာကွယ်နိုင်သည်။ ရေရှည်လုပ်ဆောင်မှလည်း အကျိုးရှိမည်ကို သတိပြုရန်လိုပါ သည်။
သိမ်ဖြူဆရာတော် အရှင်နာရသေနာဘိဝံသ၏ အာယုဗေဒဆေးသိပ္ပံ၊ အခြေခံကျန်းမာရေး သင်ခန်းစာ စာအုပ်တွင်ဖော်ပြထားသော ကျန်းမာသောရေချိုးနည်းမှာ ရေချိုးသောအခါ အောက်ပိုင်းခြေကို စတင် လောင်း၍ ဒူး၊ ပေါင်စသည်ဖြင့် တရွေ့ရွေ့အထက်သို့လောင်းပြီး တစ်ကိုယ်လုံးချိုးပါ။
ရေချိုးစဉ်ပထမ တွင် ကိုယ်စိုရုံမျှရေလောင်း၍ အတွင်းခိုးများထွက်လာစေရန်၊ ထွက်ခွင့်ရသည့်အခိုးများ ထွက်ခွင့်ရစေ ရန် အတန်ငယ်ရပ်နားပြီးနောက် လိုသလိုချိုးရ၏။
အထူးအားဖြင့် ခေါင်းပိုင်း၌ရောဂါရှိသူများ ခေါင်းကို လောင်းပြီး မချိုးရ။ ရေမလောင်းမီ ရှေးဦးစွာရေကို ပါးစပ်အတွင်းငုံ၍ ထားပါ။
သို့မှသာ ခန္ဓာကိုယ်တွင်း ရွိ အပူအပုပ်ခိုးများရန်မှ ကာကွယ်ပြီးဖြစ်ကုန်၏။ ယင်းသို့ပြုလုပ်ပေးရန် သွားနှင့်ဆိုင်သောရောဂါများ ကင်းရှင်းနိုင်၏။
မျက်စိဆရာဝန်ကြီးများဆေးခန်းတွင် မ်က္စိတိမ္ခြဲ၍ ခြဲစိတ္ကုသရသူ၊ အတွင်းတိမ်၊ ရေတိမ်စသည့် မျက်စိဝေဒနာဖြစ်ရသူများ၏ ခြေထောက်များကိုကြည့်သောအခါ ချေွးခြောက်ပြီး ခြေသလုံးအသားပပ် ကာ ခြေဖဝါး၊ ခြေဖနောင့် ကွဲအက်သူများဖြစ်ကြောင်းသိရသည်။
ဝမ်းချုပ်ခြင်းကြောင့်လည်း အောက်ပိုင်းခြေနှစ်ဖက်ကိုက်ပြီး အထက်သို့ အခိုးပြန်ပြီး အကြောတက် သည်။ ဝမ်းကြော၏အဆုံးသည် အူမကြီးတွင်ဆုံးသည်။
အူမကြီးအစာဟောင်းအိမ်တွင် ဝမ်းပုပ်နှင့် စမျင်းများ ပိတ်မိသောအခါ ခြေတစ်လျှောက်သွားသော ပေါင်ခြံအတွင်းမှ သွေးကြောမကြီးတွင် လေပိတ်ပြီး အောက်ပိုင်းခြေသလုံးနှင့် ခြေဖျားသို့သွေးလျှောက်အားနည်းသွားသည်။
ထိုအခါ ခြေနှစ်ဖက် လုံး ကိုက်ခဲခြင်း၊ ထုံကျဉ်ခြင်းများဖြစ်နိုင်သည်။
ထိုသူများသည် ညအိပ်ရာဝင်ချိန်မတိုင်မီ ခေါက်တုံ့ ခေါက်ပြန် ခြေလှမ်းတစ်ရာခန့် လမ်းလျှောက်ပေးခြင်း ပြီးလျှင်ခါးအောက်ပိုင်းခြေထောက်ကို ရေဆေးခြင်း ပြုလုပ်လျှင် သက်သာစေနိုင်သည်။
ဒူလာပါဒရက်ခြေကတက် ဟု ရှေးကလူကြီးမျာပြောသည့် အညောင်းအကိုက်ရောဂါကို ခြေဆေးခြင်းဖြင့် မှန်မှန်ကန်ကန်ပြုလုပ်လျှင် သက်သာစေနိုင်ပါသည်။
ညအိပ်ရာဝင်ခြေဆေးခြင်းနှင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
၁။ တစ်နေကုန်အောင်းနေသော အပူများအောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။
၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ လျှာဝါးခြင်း၊ သွားရည်ကျခြင်းများ သက္သာ စေသည်။
၃။ ရင်ညွှန့်သို့တက်သောလေ၊ ဘဝင်သို့တက်သောလေ၊ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။
၄။ ခြေထောက်ကို သန့်စင်စွာဆေးပြီး အိပ်ခြင်းကြောင့် မကောင်းသောအိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။
၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်။
၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း၊ မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။
၇။ ခန္ဓာကိုယ်အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။
၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကိုက်ခြင်းများမှ သက်သာစေသည်။
၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သက်သာစေသည်။
၁၀။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။
၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။
၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သက်သာစေနိုင်သည်။
ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။ ကြွက်တက် ရောဂါ၊ အဆစ်ရောင် အဆစ်ကိုက်ရောဂါ၊ လေးဘက်နာရောဂါ၊ သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရော ဂါ၊
မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်း၊ အစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍ မူးမော ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင် သက်သာသည်ဟုဆိုသည်။
ခြေဆေးလျှင်လုံချည်၊ ထဘီကို ပေါက်လယ်ထိအောင်မတင်ပြီး ရေအေးဖြင့်ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။ ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင် စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။
နေ့စဉ်မှန်မှန်ပြုလုပ်မှသာ အကျိုးရှိမည့်နည်းဖြစ်ပါသည်။
Source: ကြည်လွင်မြင့် (မုဒြာ)