
ခံတွင်း အနံ့ဆိုး အတွက် သံပုရာသီး (အာပုတ်စော် နံတာ အမြန်ဆုံးပျောက်တဲ့ လက်တွေ့နည်းလမ်း)
ခံတွင်း ပုတ်အနံ့
ခံတွင်းပုတ်အနံ့သည် လူတယောက်အတွက် မိမိကိုယ်ကို ယုံကြည်မူ မဲ့စေပါသည်။
ခံတွင်းအနံ့ မကောင်းသူများသည် လူအများကြားတွင် စကားပြောဆိုရာတွင် မိမိ၏ ပါးစပ်မှ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။
ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌ တောရကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။
ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည် ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍ စကားပြောသည်ဟု မိန့်ပါသည်။
အဘယ်ကြောင့် ဖြစ်ပါသလဲ ဟုလျောက်သောအခါ အရင်က သူများအတင်း ပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာအဖြစ် မိန့်ပါသည် ။
ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံအား အနံ့ ရနေပါသည်။
ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ တကာတဦးအားခေါ်ယူ၍ သံပုရာသီး နှစ်လုံး ယူခဲ့စေပါသည် ။
ဖော်စပ်နည်းမှာ
၁=သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်
၂=ပိုင်းထားသော သံပုရာသီးအား အရည်ညှစ်ရပါမည် – ဖန်ခွက်တွင်ထည့်ထားပါ
၃=အရည်ညှစ်ထားသော သံပုရာခွံအား ပြန်ဖောင်းကာ အိမ်သုံး ဆားအားသိပ်ထည့်ရပါမည်
၄=ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန်မျက်နှာချင်းဆိုင် ဆက်စေပါသည်
၅=ထိုနောက် ဆားသိပ်ထားသော သံပုရာခြမ်းအား မီးကျီးခဲရဲရဲတွင်မီးဖုတ်ရပါမည်
၆=သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာအအေး ခံထားပါ။မီးသွေးခဲကဲ့သို့ဖြစ်ပါသည်။
၇=၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက်အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ထားရပါမည်။
၈=အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အား သံပုရာရေတွင် ရောမွှေ၍သမထားပါ။
မနက်တကြိမ် နေ့လည်တကြိမ် ညနေတကြိမ် လက္ဘရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့ပါသည် တပတ်ကျော်လျင် အနံ့ ပျောက်မည်ဟု လျောက်ခဲ့ပါသည်
နောက်၁၀ ရက်ခန့် ကျောင်းသို့ တခေါက်ပြန် ရောက်သောအခါ ပျော်ရွှင် ယုံကြည်စွာ စကားပြောဆိုနေသော ရဟန်းနှင့်ဆုံရပါတော့သည်။
သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနှိုင်ပါသည်။
မိုးနတ်သား
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners