ဝါနေတဲ့သွားကို လုံးဝဖြူသန့်သွားစေမယ့် အလွယ်ဆုံး နည်းလမ်းများ

ဝါနေတဲ့သွားကို လုံးဝဖြူသန့်သွားစေမယ့် အလွယ်ဆုံး နည်းလမ်းများ

အလှတွေပြင်စရာ မလိုဘဲ လှနိုင်မယ့် နည်းလမ်းမရှိဘူးလား ဆိုတဲ့ မေးခွန်းရဲ့အဖြေကို လူတိုင်းသိချင်ကြပါတယ်။

တကယ်တော့ အလှတွေပြင် စရာမလိုဘဲ လှနိုင်မယ့် လျှို့ဝှက်ချက် တစ်ခု ရှိပါတယ် ။

အဲ့ဒါကတော့ အပြုံး ပါပဲ။ အပြုံးလေး လှရင် လူလည်း လှသွားပါတယ် ။ အပြုံးလေးလှဖို့အတွက် သွားလေးတွေလည်းလှဖို့လိုပါတယ်။ သွားလေးတွေလှချင်ရင် သွားဝါတာ၊ကွမ်းဂျိုးနဲ့ကျောက်ဂျိုးတွေကို ဒီနည်းတွေသုံးပြီးဖယ်ရှားလိုက်ပါ။

(1) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းနဲ့ဆား အနည်းငယ် ကိုရောပြီး ရေစိုနေတဲ့ သွားပွတ်တံ လေးနဲ့တို့ယူကာ သွား တိုက်သလိုပဲ တိုက်ပေးပါ။တစ်နေ့နှစ်ကြိမ်ပုံမှန်တိုက်ပေးရုံနဲ့ ဖြူသန့်နေတဲ့ သွားလေးတွေ ဖြစ်သွားပါလိမ့်မယ်။

(2) လိမ္မော်ခွံ

ဝါနေတဲ့သွားတွေကို လုံးဝဖြူသန့်သွားစေမယ့် အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။လိမ္မော်သီး စားပြီးရင် လိမ္မော်ခွံကို လွှင့်မပစ်ဘဲ သွားကို ပွတ်တိုက်ပေးလိုက်ပါ။ လိမ္မော်ခွံက သွားဝါတာ၊သွားဂျိုးကပ် တာတွေကို ချက်ချင်းဖြူသန့်သွားစေနိုင်ပါတယ်။

(3) အရည်ရွှမ်းသီးများ

ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီးနဲ့ လိမ္မော်သီးတို့ကို ကြိတ် စက် နဲ့ကြိတ်ပြီး ရလာတဲ့ အနှစ်ကို သွား ပွတ်တံ နဲ့ ယူကာ သွားတိုက် သလို တိုက်ပေးလိုက်ပါ။

နေ့တိုင်းမနက်တစ်ခါ၊ ညဘက်တစ်ခါ ပုံမှန်တိုက် ပေးသွားရင် သွားမှာကပ်နေတဲ့ ဂျိုးတွေ လုံးဝကို ပြောင်စင်ပြီး သွားလေးတွေ ဖွေးသွားပါ လိမ့် မယ်

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners