အုန်းဆီကို အသုံးပြုပြီး ဆံပင် အရှည်မြန်စေမယ့် နည်းလမ်း (၃)ခု

အုန်းဆီကို အသုံးပြုပြီး ဆံပင် အရှည်မြန်စေမယ့် နည်းလမ်း (၃)ခု

ညီမလေးတို့.. မမတို့ရေ…အုန်းဆီကို အသုံးပြုပြီး ဆံပင် အရှည်မြန်စေမယ့် နည်းလမ်း (၃)ခုကို “မိစံ” ပြောပေးပါ့မယ်။

ဆံပင်ဆိုတာ ဒုတိယ မျက်နှာပါ။ ဆံပင်ရှည်ရှည်လေးနဲ့ လှနေချင် တာကလည်း “မိစံ”တို့ မိန်းကလေးတိုင်းရဲ့ စိတ်ကူး အိပ်မက် ပါနော်။

ဆံပင်ရှည် ဘယ်လောက် ပဲကြိုက်ကြိုက် ဆံပင်က ရှည်မလာတဲ့အခါ စိတ်ညစ်ရပါတယ်။

ဒီတော့ ဆံပင်အရှည်မြန် ချင်တဲ့ မိန်းကလေးတိုင်း အတွက် အခုပြောပြပေးမယ့် နည်းလမ်းလေးတွေက အရမ်းကို အဆင်ပြေပါတယ်။

(၁) အုန်းဆီ ၂ဇွန်းကို အပူပေးလိုက်ပါ။

ရလာတဲ့ အုန်းဆီနွေး ထဲကို သံပုယိုသီး တစ်ခြမ်း အရည်ညှစ်ပြီး ပျားရည် တစ်ဇွန်း ရောမွှေ လိုက်ပါ။

ရလာတဲ့ ဆီကို ဆံပင်နဲ့ ဦးရေပြားမှာ လိမ်းပြီး တစ်နာရီလောက် ထားလိုက်ပါ။

ပြီးရင်တော့ သုံးနေကျေ ခါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ ။

(၂) အုန်းဆီကို ငှက်ပျော် သီးမှည့် တစ်လုံးနဲ့ သမသွားအောင် ရောမွှေ လိုက်ပါ။

ရလာတဲ့ အနှစ်ထဲကို အုန်းနို့ အနည်းငယ် ရောလိုက်ပါ။

ပြီးရင်တော့ ဆံပင်နဲ့ ဦးရေပြားပေါ်မှာ လိမ်းပြီး နာရီဝက်လောက် ထားကာ ခေါင်းလျှော်လိုက်ပါ။

(၃) ကြက်ဥတစ် လုံးထဲကို ပျားရည်နဲ့ အုန်းဆီ ၁ဇွန်းဆီ ထည့်လိုက် ပါ ။

ရလာတဲ့ အနှစ်နဲ့ ဆံပင်၊ ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။

ပြီးရင်တော့ တစ်နာရီခန့် ထားပြီး လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ပါ။

အခုပြောြ ပတဲ့ နည်းလမ်းတွေက ပျိုမေတွေ အတွက် အိမ်မှာ လွယ်လွယ် ကူကူ လုပ် လို့ရတော့ အဆင်ပြေစေ မှာပါ..။

ကိုယ်ကြိုက် တဲ့ နည်းလမ်း တစ်ခုကို ရွေးသုံးပေး ပါနော်..။

ခရက်ဒစ် မိစံ

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners