အဆုတ်ကျန်းမာရေး ချွတ်ယွင်းလာပြီဆိုရင် ခန္ဓာကိုယ်မှာပြလာတတ်တဲ့လက္ခဏာရပ်များ

ယနေ့ခေတ်မှာ လူဦးရေထူထပ်ပြီး ယာဉ်တွေ ပေါများလာတာကြောင့် လေကောင်းလေသန့်ရဖို့က ခက်လာပါပြီ။

အဲဒါကြောင့် အဆုတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ အဆုတ်က နေမကောင်းရင် ခန်ဓါကိုယျမှာ လက္ခဏာတွေ ပြလာတတ်ပါတယ်နော် ။

၁။ ကျောနဲ့ပုခုံး နာကျင်လာခြင်း

ရင်ဘတ်အောင့်တာက အဆုတ်ကင်ဆာရဲ့ ရှေးဦးလက္ခဏာဖြစ်တာတောင် ကျောနဲ့ပုခုံးနာကျင်လာခြင်းက တွေ့ရခဲတဲ့ လက္ခဏာပါပဲ။ ကျောနဲ့ပုခုံးနာကျင်တဲ့လက္ခဏာတွေ ပြလာရင် အဆုတ်ကို ကုသလို့ရပါသေးတယ်။

နာကျင်မှုက ပြင်းထန်လာပြီး ကျောက အမြဲလိုလို နာကျင်နေတယ်ဆိုရင် ဆရာဝန်နဲ့ မြန်မြန်ပြသ သင့်ပါပြီ ။

၂။ ချောင်းဆိုးခြင်း

အဆုတ်ကျန်းမာရေးမကောင်းရင် ခြောငျူဆိုးလာပါတော့တယျ။ အဲဒီလို ချောင်းဆိုးတာက အအေးမိလို့ ချောင်းဆိုးတာနဲ့ ဆင်ဆင်တူပါတယ်။ ဒါပေမယ့် ချောင်းဆိုးခြင်းက နာတာရှည်ရောဂါတစ်ခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် ချောင်းဆိုးလာပြီဆိုရင်လည်း မပေါ့ဆ သင့်ပါဘူး။ ချောင်းဆိုးတဲ့အခါ သွေးပါလာပြီ ဆိုရင်တော့ အဆုတ်ကင်ဆာရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ် ။

၃။ မျက်လုံးနဲ့ အသားအရေ ဝါလာခြင်း

အဆုတ်ကျန်းမာရေးချို့တဲ့လာတဲ့အခါ မျက်လုံးနဲ့ အသားအရေ ဝါလာတတ်ပါတယ်။ အဆုတ်ကင်ဆာကြောင့် အသည်းမှာ ပြဿနာရှိနေကြောင်း ဖော်ပြတဲ့ လက္ခဏာဖြစ်ပါတယ်။

အသားဝါရောဂါကြောင့်လည်း အသားဝါလာတာဖြစ်နိုင်ပါသေးတယ်။ ရောဂါရင့်လာတဲ့ အခါမှာတော့ မျက်လုံးက အဝါ ရင့်ရောင်ကို ပြောင်းသွားတတ်ပါတယ် ။

၄။ အားကုန်လာခြင်း

အိပ်ရေးမဝခြင်းက စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဖြစ်စေပါတယ်။ ဒါပေမယ့် မကြာခဏ အားကုန်တာ၊ မကြာခဏ အသက်ရှူမဝတာ၊ အစားစားချင်စိတ် မရှိတာမျိုးတွေ ကြုံလာရင်တော့ ဆေးကုသမှု ခံယူသင့်ပါပြီနော် ။

၅။ အသက်ရှုမဝခြင်း

နှလုံးအားနည်းတဲ့အခါ၊ အဆုတ်မကောင်းတဲ့အခါ အသက်ရှူမဝဖြစ်တတ်ပါတယ်။ အသက်ရှူမဝဘူးလို့ ခံစားရရင် လေကောင်းလေသန့်ရတဲ့ ကျေးလက်ဒေသကို ခဏတာ ခရီးထွက်သင့်ပါတယ်။ မကြာခဏ မောနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပါပြီ ။

အဆုတ် ကျန်းမာရေးအတွက်

အဆုတ်ကျန်းမာရေးအတွက် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ ဆေးလိပ်ဖြတ်လိုက်ခြင်းနဲ့ စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းက အဆုတ်ကို ကူညီရာရောက်ပါတယ်။

အဆုတ်ကြောင့် နာတာရှည်ဝေဒနာခံစားရပြီဆိုရင် အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့အစားအစာတွေကို ရွေးချယ်ပြီး စားသုံးပေးသင့်ပါတယ်။ အဆုတ်အတွက် မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်လို့ရပါတယ် ။

ပန်းနာရောဂါ မရှိရင်တောင် ပတ်ဝန်းကျင်ရဲ့ ဖုန်မှုန့်နဲ့ ရောဂါပိုးတွေက သွေးကြောထဲရောက်သွားတဲ့အခါ အဆုတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ အဲဒါကြောင့် သန့်ရှင်းတဲ့လေထုရှိတဲ့နေရာကို ရွေးချယ်ပြီး နေထိုင်သင့်ပါတယ်နော် ။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners