မြန်မာငွေ ၅ သိန်းကျော်ပေးပြီး ဝယ်စားရမယ့် အရသာအရမ်းကောင်းလွန်းသော ဒူးရင်းသီး အကြောင်း

မြန်မာငွေ ၅ သိန်းကျော်ပေးပြီး ဝယ်စားရမယ့် အရသာအရမ်းကောင်းလွန်းသော ဒူးရင်းသီး အကြောင်း

ကန်ကျနဘူရီခရိုင် ထောင်းဖာဖုန်မြို့နယ်က နှစ်ပေါင်း ၄၀ ကျော်သက်တမ်းရှိတဲ့ ဒူးရင်းပင်ကသီးတဲ့ ဒူးရင်းသီးဟာ

အစေ့သေး၊ အနံ့မွှေးပြီး အရသာအရမ်းကောင်းလွန်းတာကြောင့် ဒူးရင်းချစ်သူတွေကြား အရသာအရမ်းကောင်းတဲ့ ဒူးရင်းသီးအဖြစ် နာမည်ကြီးလာခဲ့တာကြာခဲ့ပါပြီ။

တစ်နှစ်တစ်ခါဆိုသလိုအဲဒီးဒူးရင်းပင်က သီးတဲ့းဒူးရင်းသီးကို အရာကောင်းတဲ့ဒူးရင်းသီးကို

ကြိုက်နှစ်သက်သူတွေကတော့ ၁ လုံးကို ဘတ်သောင်းနဲ့ချီပြီးပေးဝယ်လေ့ရှိကြပါတယ်။

ဒီနှစ်မှာလည်း အဲဒီဒူးရင်းပင်က ဒူးရင်းသီးအလုံးအရေ ၁၀၀ ကျော်လောက်သီးပြီး

ဝယ်ယူသူတွေများလွန်းတာကြောင့် ကုန်လုနီးပြီဖြစ်တယ်လို့ ဒူးရင်းပင်ပိုင်ရှင်ကဆိုပါတယ်။

အဲဒီအပင်ကထွက်တဲ့ဒူးရင်းသီးကို တစ်ကီလိုကို ၅,၀၀၀ ဘတ်နဲ့ကီလိုချိန်ရောင်းတာဖြစ်ပြီး

ကီလိုချိန် ၂ ကီလိုကနေ ၃ ကီလို အလေးချိန်ရှိတဲ့ ဒူးရင်းသီးကိုတော့ ၁ လုံးကို ဘတ် ၁ သောင်းနှုန်းနဲ့ရောင်းချပေးတာဖြစ်တယ်လို့ပြောပါတယ်။

တစ်ပင်တည်းရှိတဲ့ အဲဒီဒူးရင်းပင်ကဒူးရင်းသီးကို စင်ထရယ် ဝက်စ်ကစ်မှာတင်ရောင်းတာဖြစ်ပြီး

စားလိုတဲ့သူတွေကိုလည်း အွန်လိုင်း ဘိုကင်စနစ်နဲ့ပြင်ဆင်ပေးတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ အဲဒီပင်ကသီးတဲ့ဒူးရင်းသီးဟာ ကုန်လုနီးပါး ဖြစ်နေပြီလို့လည်းသိရပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners