ကလေးလူကြီး အားလုံးကြိုက်ပြီး ဝမ်းမှန်စေတဲ့ အိမ်တွင်းဒိန်ချဉ် လုပ်နည်းလေးနော်

ကလေးလူကြီး အားလုံးကြိုက်ပြီး ဝမ်းမှန်စေတဲ့ အိမ်တွင်းဒိန်ချဉ် လုပ်နည်းလေးနော်

ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါတယ် ။ ။

နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့ ။ ကြာကြာလေး ကျိုပါ ။ တအားလည်း မပျစ်ပါစေနဲ့ ။

ပြီးရင် မီးဖို ပေါ်က ချပြီး အအေးခံပါ ။ လုံးဝ အေးသွား တဲ့အထိ မစောင့်ရပါ ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ပါ ) လက်ညိုးကို ထည့်ကြည့်လို့ အပူခံနိုင်တယ် ဆိုရုံလေးပေါ့ ။

အချဉ် ( ဟင်းခတ်ဇွန်း ၁ ဇွန်း ) ထည့်ပြီး မွှေပေးပါ ။

ပြီးရင် အုပ်ဆောင်းနဲ့အုပ်ပြီး မရွေ့လျားစေဘဲ ၂၄ နာရီ ထားပါ ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ ။

သတိပြုရမှာတွေက လေလုံအောင် အိုးကို ပိတ်မထားရပါဘူး ။ ခဏခဏလည်း မမွှေရပါဘူး ။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး ။

အချဉ်ကို ဘယ်လို လုပ်ရတာလဲ ဆိုတော့ နွားနို့ အစိမ်း အကြမ်း ပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမှ မထည့်ဘဲ အခန်း အပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ဖြစ်ပါပြီ ။

အဲဒီ အချဉ်ကို အပေါ်ယံပဲ ဖြစ်ဖြစ် မွှေပြီးပဲ ဖြစ်ဖြစ် သုံးနိုင်ပါတယ်

ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ် လုပ်မဲ့ ဒိန်ချဉ် အတွက် ဒိန်ချဉ် အဟောင်းကိုပဲ အချဉ် အဖြစ် သုံးနိုင်ပါတယ် ။

အချိုးအဆ ကတော့ နွားနို့ ၁ ပိဿာ အချဉ် ၁ ဇွန်းပါပဲ ( ဟင်းခတ်ဇွန်း ) ဒိန်ချဉ် ဖြစ်သွားပြီ ဆိုရင် ရေခဲ သေတာထဲမှာ အကြာကြီး ထားလို့ရပါတယ် ။

ဒိန်ချဉ်နဲ့ စားဖို့ သကြားရည်ပဲ ကျိုကျို ၊ ထန်းလျက်ရည်ပဲ ကျိုကျို ဆားလေး နည်းနည်း ထည့်ကျိုပါ ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့ ။

သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ် ။

အိုးမကပ်ရုံသာ ရေထည့်ပါနော် ။ ကဲမိတ်ဆွေတို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဒိန်ချဉ်လေး လုပ်စားကြည့်မယ်နော် ။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners