သင့်ရဲ့ လက်သီးဆုပ်ပုံက အနာဂတ်မှာ ဘယ်လိုခေါင်းဆောင်ဖြစ်လာမလဲဆိုတော့ ဖတ်ကြည့်လိုက်ပါ

သင့်ရဲ့ လက်သီးဆုပ်ပုံက အနာဂတ်မှာ ဘယ်လိုခေါင်းဆောင်ဖြစ်လာမလဲဆိုတော့ ဖတ်ကြည့်လိုက်ပါ

လူတွေရဲ့ နေထိုင်ပြုမူတဲ့ပုံစံတွေက အဲဒီ့လူရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အကျင့်စာရိတ္တကို အများကြီး လွှမ်းမိုးမှုရှိတယ်လို့ပြောရင် သင်ငြင်းမလား။

သင်သတိမထားမိလိုက်တဲ့ အပြုအမူသေးသေးလေးတွေက သင်ဆိုတဲ့သူတစ်ယောက်ကို ဖြစ်တည်စေတာပါ။

လက်ဝါးပေါ်က လက္ခဏာက သင့်ရဲ့ဘဝအသက်တာနဲ့ ဆိုင်တာတွေကို သိရှိနိုင်တယ်ဆိုရင်သင့်ရဲ့လက်သီးဆုပ်ပုံကလည်း သင်ဘယ်လို ခေါင်းဆောင်မျိုး ဖြစ်နိုင်တယ်ဆိုတာကို သိနိုင်ပါတယ်။

ပုံ (၁)
=====
ခေါင်းဆောင်မှုစွမ်းရည်ဆိုတာ သင့်အတွက်တော့ မွေးရာပါ ပါရမီတစ်ခုပါ။

ဘယ်လိုအသင်းအဖွဲ့မှာမဆို ဦးဆောင်သူအနေနဲ့ ရွေးချယ်ခံရမယ့်သူပါ။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စွန့်စားမှုအသစ်တွေ လုပ်ရမှာကိုလည်း မကြောက်ပါဘူး။

သင်ဟာ လူတွေရဲ့ စံပြဖြစ်လာတတ်ပါတယ်။သင်ဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုမချခင် အခြားသူတွေရဲ့ အကြံပြုချက်တွေကို အရင် နားထောင်လေ့ရှိပါတယ်။

စာနာထောက်ထားတတ်တာကြောင့် နောက်လိုက်တွေရဲ့ ယုံကြည်မှုနဲ့ လေးစားမှုကို ရရှိမယ့်သူပါ။ သင်ဟာ ကိုယ်တိုင်လည်း အကောင်းဆုံး ကြိုးစားသလိုသင့်အနားကလူတွေကိုလည်း သင့်လို ကြိုးစားစေချင်တဲ့ ခေါင်းဆောင်မျိုးပါ။

ပုံ (၂)
====
သင်က စည်းဘောင်ရဲ့အပြင်ကိုထွက်မတွေးပါဘူး။ စည်းဘောင်ရဲ့အပြင်မှာကို နေထိုင်တာပါ။ သူများတွေ မဖြေရှင်းနိုင်ဘူးဆိုတဲ့ ပြဿနာကိုမှ ဖြေရှင်းချင်သူပါ။

အကျိုးရလဒ်ရဲ့ အသီးအပွင့်ကို အသာလေး ကောက်စားတတ်တဲ့ ခေါင်းဆောင်မျိုးမဟုတ်ဘဲ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်စည်းခံတတ်တဲ့ ခေါင်းဆောင်မျိုးပါ။

အရာရာတိုင်းမှာ ဖြေရှင်းချက်၊ ထွက်ပေါက်ရှိတယ်လို့ ယုံကြည်ထားသူမို့ အမြဲအေးဆေး တည်ငြိမ်နေတတ်သူပါ။ သင့်ရဲ့ဖန်တီးနိုင်စွမ်းတွေကို ချိုးနှိမ်မထားပါနဲ့။

ဘာလို့လဲဆိုတော့ သင့်ရဲ့လုပ်ကိုင်နိုင်စွမ်းက အကန့်အသတ်မရှိ ကျယ်ပြောလို့ပါ။

ပုံ (၃)
====
တစ်ခါတလေမှာ အရမ်းတော်တဲ့ ခေါင်းဆောင်ကောင်းတိုင်းက သဘောကောင်းပြီး၊ လူကြိုက်များကြတာ မဟုတ်ပါဘူး

တစ်ခါတစ်ရံမှာ ရလဒ်ကောင်းဖို့အတွက် ကြမ်းတန်းခက်ထန်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချရပါတယ်။

သင်ဟာ တွက်ချက်တတ်တယ်၊စေ့စပ်တိကျပြီး ဂရုတစိုက်လုပ်တတ်တယ်။ သင်အောင်မြင်မယ်ဆိုတာ သေချာတဲ့အလုပ်ကို ရည်မှန်းချက်ထားပြီး နည်းလမ်းမျိုးစုံနဲ့ အောင်မြင်အောင်လုပ်တတ်တယ်အစမှာတော့ အများရဲ့ထောက်ခံမှုကို သိပ်မရပေမယ့်

နောက်ပိုင်း သင့်ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို သိမြင်လာပြီး သင့်လိုပဲ စိတ်အားထက်သန်လာပါလိမ့်မယ်။သင်ဟာ ဉာဏ်ဆင်တတ်ပြီး ခြေမြင်တဲ့သူပါ။

ဒါပေမဲ့ အဲဒီ လိမ္မာပါးနပ်မှုကို နည်းမှန်လမ်းမှန်နဲ့ အကျိုးရှိစွာ သုံးတတ်ဖို့တော့ လိုပါလိမ့်မယ်။

Ref; apost

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners