
နောင်တအရဆုံးက ပိန္နဲသီးစားပြီး အစေ့ကို လွှင့်ပစ်ခဲ့မိတာပဲ
ပိန္နဲစေ့ တွေ လွှင့်မပစ်သင့်တဲ့အကြောင်းရင်း။ပိန္နဲသီး စားတဲ့အခါ များသောအား ဖြင့်တော့ အစေ့တွေကို လွှင့်ပစ် လေ့ရှိကြပါတယ်။
တကယ်တော့ ပိန္နဲစေ့မှာ ပြောမဆုံးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိတယ်ဆိုတာသိထားပြီး အကျိုးရှိရှိသုံးနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။
အရေးအကြောင်းများ သက်သာစေခြင်း
=============
ပိန္နဲစေ့တစ်စေ့ကို နွားနို့အေးအေးထဲမှာ ခဏစိမ်ထားပြီး အနှစ်ဖြစ်တဲ့အထိ ကြိတ်ခြေပါ။
မျက်နှာပေါ်က အရေးအကြောင်းရှိတဲ့ နေရာတွေကို ပိန္နဲစေ့အနှစ်နဲ့ သုတ်လိမ်းပေးရင် လေး၊ ငါးပတ်အတွင်း ထူးခြားလာတာတွေ့ ရမှာပါ။
အသားအရောင်ကောင်းစေခြင်း
=============
ပိန္နဲစေ့မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် ဝမ်းချုပ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အညစ်အကြေးတွေကို စွန့်ထုတ်စေတဲ့အတွက် အသားအရောင် ကိုလည်း ကောင်းစေပါတယ်။
အမာရွတ်ပျောက်စေခြင်း
=============
အသားအရေအပြစ်အနာအဆာကင်းစေချင်ရင်လည်း ပိန္နဲစေ့က ကူညီပေးနိုင်ပါတယ်။
အခြောက်လှန်းထားတဲ့ ပိန္နဲစေ့အနည်းငယ်ကို နွားနို့နဲ့ ပျားရည်ရော ထားတဲ့အထဲမှာ စိမ်ထားပြီး အနှစ်ရအောင်ကြိတ်ခြေပါ။
အဲဒီအနှစ်ကို မျက်နှာပဲဖြစ်ဖြစ်၊ အခြားနေရာမှာပဲဖြစ်ဖြစ် သုတ်လိမ်းပေါင်းတင်ထားပြီး ရေနဲ့ဆေးကြောပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
ကင်ဆာရောဂါကာကွယ်ပေးခြင်း
=============
ပိန္နဲစေ့ဟာ အသားဓာတ် ကြွယ်ဝသလို ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းလည်းရှိပါတယ်
ဆံပင်သန်စေခြင်း
=============
ပိန္နဲစေ့တွေဟာ သွေးလည်ပတ်မှုကို ကောင်းစေပါ တယ်။
ဆံသားသန်စွမ်းကျန်းမာဖို့ဆိုတာလည်း သွေးလည်ပတ်မှု ကောင်းတာနဲ့ သက်ဆိုင်တဲ့အတွက် ပိန္နဲစေ့က ဆံပင်အတွက်ပါ အကျိုးပြုပါတယ်။
အစာကြေစေခြင်း
=============
အစာခြေအင်္ဂါအဖွဲ့အစည်းမှာ ပြဿနာတစ်ခုခုရှိနေရင် အသည်းကိုဒုက္ခပေးနိုင်သလို ဆံပင်ကျွတ်တာတွေ လည်း ဖြစ်စေပါတယ်။
ပိန္နဲစေ့စားပေးရင် အစာကောင်းစွာကြေညက်စေသလို အသည်းကျန်းမာရေးအတွက်လည်း အထောက်အကူပြုပြီး ဆံပင်ကျွတ်တဲ့ပြဿနာပါ ဖြေရှင်း ပြီးသားဖြစ်စေမှာပါ။
ပိန္နဲစေ့ကို အစိမ်းအတိုင်းစားတာအပြင် ပြုတ်စားဟင်းချက် စားနိုင်သလို ပိန္နဲစေ့ကို အခြောက် လှန်းအမှုန့်ပြုလုပ်ပြီး ဟင်းချက်တဲ့အထဲ ထည့်စားနိုင်ပါတယ်။
Credit: 7day daily
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners