Idiots အဖွဲ့ခေါင်းဆောင် နာမည်ကျော် အဆိုတော်ရေမွန် ငှက်ဖျားရောဂါဖြင့် သေဆုံး

diots ဂီတအဖွဲ့က ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ကိုရေမွန်ဟာ ယနေ့ ဇွန် ၂၃ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုဝင်တစ်ဦး၏ လူမှုကွန်ရက်မှာရေးသားထားတာကို တွေ့ရပါတယ်။



ငှက်ဖျားပိုးနဲ့ ကွယ်လွန်တယ်ဆိုပြီးတော့လို့လည်း သတင်းရရှိပြီ အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။



ရေမွန်ရဲ့ ဂီတတီးဝိုင်း Idiots ဖေ့စ်ဘွတ်စာမျက်နှာကလည်း အနက်ရောင်ပရိုဖိုင်းပြောင်းလဲထားပြီး အနှပညာအသိုင်းဝိုင်းမှလည်း ရေမွန်သေဆုံးသွားကြောင်းနဲ့ ကောင်းမွန်ရာဘုံဘဝရောက်စေဖို့

ဆုတောင်းပေးရင်း ၀မ်းနည်းနေကြတာကိုလည်းတွေ့ရပါတယ်။