အဆိုတော်ရေမွန် ကွယ်လွန်သွားခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို ပြောပြလာတဲ့ နိုဗန်ထူး

Idiots ဂီတအဖွဲ့က ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ကိုရေမွန်ဟာ ယနေ့ ဇွန် ၂၃ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုဝင်တစ်ဦး၏ လူမှုကွန်ရက်မှာရေးသားထားတာကို တွေ့ရပါတယ်။


အဆိုတော် ရေမွန် သေဆုံးခဲ့ရတဲ့အကြောင်းအရင်း ကို အမျိုးမျိုးရေးသားနေကြတာနဲ့ပတ်သတ်ပြီး ရေမွန်နဲ့အလွန်ရင်းနှီးသူတစ်ဦးဖြစ်တဲ့ နိုဗန်ထူးက သူ့ရဲ့ လှုမှုကွန်ယက်ကနေတဆင့် အခုလိုပဲရှင်းပြလာခဲ့တာပါ။

“နဂိုကတည်းက ကိုတွတ်က အစားအသောက် မမှန်ခဲ့မိတာ … အိပ် သိပ်မပျော် / နေမကောင်းတာ … လေးတွေ ရှိခဲ့တယ် …အရင်နေ့တွေကလည်း အကိုက်အခဲ ပျောက်ဆေး နည်းနည်းပါးပါး သောက်နေခဲ့ရသေးတယ် ။ ဒါပေမယ့် ခုတလော နေပြန်ကောင်းနေ / အိပ်လို့လည်း ကောင် းကောင်းရတယ် ဆိုတော့ အေးဆေးပဲ ထင်နေခဲ့မိတာ ။



မနေ့ကတင် ဟော့ပေါ့ စားနေရင်း သတိရကြောင်း ကျွန်တော့်ကိုတောင် လှမ်း ပြောခဲ့သေးတယ် … ညက တခြား သူငယ်ချင်းတွေနဲ့ သောက်ရင်း စားရင်း အခန့်မသင့်လို့ အစာအိမ် သွေးကြော ပေါက်သွားတယ် … ( ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ ) ဆရာဝန် ပြပြီးတော့ ကုသမှု ယူခဲ့သေးပေမယ့် မမီလိုက်တော့ပဲ ခုလို ဖြစ်သွားရတာပါ ။ လူတွေ ပြောနေသလို ငှက်ဖျား ကြောင့် ဆုံးပါးသွားရတာ မဟုတ်သလို …



စစ်ခွေးတွေ ဖွနေသလို မူးရူးပြီး အချင်းချင်း ရန်ဖြစ်ရင်း အသက်ဆုံးရတာလည်း မဟုတ်ပါဘူး ။ ကောလဟာလ တွေကို အလွယ် မယုံကြဖို့နဲ့ … ကိုယ် သေချာ မသိပဲ ဖွချင်တိုင်း ဖွနေသူတွေအနေနဲ့ ဆုံးပါးသွားသူ တစ်ယောက်ကို သိက္ခာ လိုက်ချနေတာမျိုးကို ရပ်တန်းက ရပ်ဖို့ … ပြောချင်ပါတယ် ” ဟု နိုဗန်ထူးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားခဲ့တာပါ။

အဆိုတော်ရေမွန်တယောက် ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်နော်