ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီလို့ဆိုလာတဲ့ အဆိုတော်ရိန်မိုး

သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ကို ဆွဲဆောင်လေ့ရှိတဲ့ အဆိုတော်ရိန်မိုးကတော့ ဂီတလောကမှာ လူသိများထင်ရှားတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ဂီတလှူပ်ရှားမှုတွေပြုလုပ်လေ့ရှိတဲ့ ကီုရိန်မိုးဟာ ကိုဗစ်ကာလ နဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် ရပ်တန့်ထားခဲ့ရတာကြာခဲ့ပြီလို့လည်းသိရပါတယ်



ယနေ့မှာတော့ အဆိုတော်ရိန်မိုးက သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် ဂီတလောကထဲမှအပြီးတိုင် နှုတ်ဆက်လိုက်ကြောင်းစာကိုရေးသားလာခဲ့ပါတယ်။



ရိန်မိုးက “ဘဝမှာ ကျတော် ဘယ်တော့မှ မစွန့်လွှတ်ဘူး ဘယ်တော့မှ နောက်မဆုတ်ဘူးလို့ ဘဝနဲ့ရင်းလို့ ချော်လဲလို့ ပြုတ်ကျလို့ ဒါဏ်ရာတွေအများကြီးနဲ့ရှိနေခဲ့အချိန်များတောင် ကျတော်ဆိုတာ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး သိုပေမယ့်လည်း ကနေ့ အခြေအနေ အချိန်ခါတစ်ခုမှာ စွန့်လွတ်လိုက်ရပါပီ အမှန်က ကျတော့ကိုချစ်သော ကျတော်ကချစ်သော အမျိုးများအတွက် (2021) ဒီနှစ်ထဲမှာ ကျတော့ရဲ့ကြီးကျယ်ခန်းနားတဲ့ One man show live တစ်ခုကို နှုတ်ဆက်ပွဲနဲ့ အတူကျင်းပဖို ရည်ရွယ်ခဲ့ပေမယ့်လည်း ခုတော့ မဖြစ်နိုင်တော့လို့ 24/6/2021 ဒီနေ့ ဒီရက် ဒီအချိန်ကနေပီး ကျတော် ရိန်မိုး သည် ဂီတလောကထဲကနေပီး လုံးဝအပီးအပိုင် နှုတ်ဆက်လိုက်ပါကြောင်းကို ကျတော့ရဲ့ ချစ်တဲ့ ပရိတ်သတ်များ အမျိုးများ မိတ်ဆွေများ အပေါင်းသင်းများ အားလုံးကို အပီးတိုင် နှုတ်ဆက်လိုက်ပါတယ်ခင်ဗျား ကျတော်သေသည့်တိုင်အောင် ဂီတက ကျတော့နှလုံးသားထဲမှာ “ထာဝရသေဆုံးမသွားဘူး “ထာဝရ ကျတော့အပေါ်သစ္စာရှိတဲ့ဂီတကို ကျတော် သစ္စာဖောက်လိုက်ပါပြီ ခွင့်လွတ်ပါ ကျတော်ချစ်သော’ ဂီတ’ “အဆိုတော်ရိန်မိုးရဲ့ပရိသတ်တွေအတွက်ဝမ်းနည်းစရာ သတင်းစကားကိုသူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားလာခဲ့တာပါပဲဖြစ်ပါတယ်။



အဆိုတော်ရိန်မိုးတယောက် ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းမှာ ချောမွေ့ပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်နော်