
နေထီးဆောင်း လျှင် တနင်္ဂနွေနေ့တွင် နေ အိမ်ဖွဲ့ပါက ပြည်ရွာ မီးလောင်မှုပေါများ၏၊။
မိုးခေါင် ရေရှားတတ်၏။
တနင်္လာနေ့တွင် ဆောင်းမူ မင်းဘဏ္ဍာ တိုးပွား၏။
ကောက်ပဲသီးနှံ အထွက်လျော့တတ်၏။
အင်္ဂါနေ့ဆောင်းမူ လူသူ အသေအပျောက်များ၏။
လေမုန်တိုင်းဘေး ရောက်တတ်၏။
ဗုဒ္ဓဟူးနေ့ ဆောင်းမူစစ်မက်ဘေးရန် များ၏၊ ရေကြီးတတ်၏။
ကြာသပတေးနေ့ ဆောင်းမူ မင်းကိုအမတ်တို့ လုပ်ကြံတတ်၏။ တိုင်းပြည်ဘဏ္ဍာတိုးတတ်၏။
သောကြာနေ့ ရွှေငွေရတနာ ပေါများတတ်၏။ ပြည်ရွာ စည်ကားတတ်၏။
စနေနေ့တွင်ဆောင်းမူ ရန်ဘေးကင်း၍ မိုးကောင်းတတ်၏။ ပြည်သူတွေ သောကပွားတတ်၏။
နေထွက်ချိန်တွင် နေ အိမ်ဖွဲ့ပါက မင်းမှာ ရန်များ၏။ ထမီဝတ်တို့ ကိုယ်ကျင့်တရား ပျက်တတ်၏။ ငတ်မွတ်ခေါင်းပါး တတ်၏။
မွန်းတည့်ချိန်ဖွဲ့မူ လောပါလနတ် စောင့်ရှောက်တတ်၏။ နေဝင်ချိန်တွင် နေ အိမ်ဖွဲ့ပါက စစ်သူကြီး၌ ရန်များတတ်၏။
ကျယ်ဝန်းလှစွာ ဖွဲ့လျှင် ပြည်ရွာ ခြောက်ခြားတတ်၏ ဟူ၍ ဖတ်ဖူးကြားဖူးပါသည်
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners