အဆိုတော်ရေမွန်အတွက် မိခင် ဒေါ်ခင်မြတ်မွန် ရဲ့ ဆို့နင့်စရာ နောက်ဆုံးနူတ်ဆက်စကား Video ဖိုင်

ပရိတ်သတ်တွေအတွက်သီချင်းကောင်းများစွာသီဆိုခဲ့ပြီး အားလုံးကချစ်ကြတဲ့diots ဂီတအဖွဲ့ကပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ကိုရေမွန်ဟာ မမျှော်လင့်ပဲရုတ်တရက်ယနေ့ ဇွန် ၂၃ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့သူ့ရဲ့မိသားစုဝင်တစ်ဦး၏ လူမှုကွန်ရက်မှာရေးသားထားတာကို တွေ့ရပါတယ်။




အစပိုင်းမှာတော့ ဦးနှောက်ထဲသို့ ငှက်ဖျားပိုးဝင်သွားခဲ့တာလို့သတင်းထွက်ခဲ့ပေမယ့် အစာအိမ်သွေးကြောပေါက်သွားတာကြောင့် ကွယ်လွန်သွားတာဖြစ်တယ်လို့ သူငယ်ချင်း ဖြစ်သူ နိုဗန်ထူးကပြန်လည်ဖြေရှင်းခဲ့တာပါ




ဒီသတင်းဟာ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အရမ်းကို ဝမ်းနည်းပူဆွေးစရာဖြစ်ခဲ့တာဖြစ်ပါတယ် ဒီကနေ့ ရေမွန်ရဲ့ ဈာပနအခမ်းအနားမှာတော့ မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်က သားဖြစ်သူရေမွန်အတွက် ဆို့နင့်စရာ ဆုတောင်းစကားတချို့ပြောကြားခဲ့တာဖြစ်ပြီး ဒီ လိုပြောကြားနေတဲ့ Video လေးဟာ ပရိသတ်တွေအတွက် တကယ်ကို ဝမ်းနည်းကြေကွဲစရာဖြစ်နေခဲ့တာပါ




ရေမွန် ရဲ့ မိခင် က သူ့သားဖြစ်သူအတွက် နောက်ဆုံးစကားပြောကြားပေးနေတဲ့ Video ဖိုင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နေ်ာ…. ရေမွန်တယောက် ကောင်းရာသုဂတိလားနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်နေ်ာ