KN95 mask တပ်ပြီး သတိမထားမိတဲ့ အရာတစ်ခုကြောင့် အသက်အန္တရာယ် ဖြစ်ခဲ့ရတဲ့ အဖြစ်

KN95 mask အသစ်တပ်ပြီး အသိတစ်ယောက်နဲ့ စကားပြောတယ်။ ပြောရင်း စနောက်ရင်းနဲ့ Mask တပ်မချွတ်ပဲအသက်ပြင်းပြင်း ပါးစပ်နဲ့ရှုလိုက်တယ်။

အဖတ်စ ကလေးဝင်သွားတာ သိတာနဲ့ ချက်ချင်းအသက်ရှုမရတော့ဘူး… လေပြွန်မှာဆို့နေတယ်… ကူညီဖို့ စကားပြောတယ် အသံပါမထွက်ဘူး။

အမူအရာပြပြီး နောက်ကနေညှစ်ခိုင်းတယ်။ ချောင်းဆိုးတယ် မထွက်ဘူး။ အသက်လူ့ ရှုရတာ 10%လောက်ပဲ ရတယ်။

တစ်မိနစ်လောက် အသက်ရှုမရဘူး။ စိတ်ထဲမှာ “ငါသွားပြီလားမသိဘူး”တော်တော် ကြောက်သွားတယ်။

Toilet ကမှန်မှာကြည့်တော့ မျက်စေ့တွေနီနေပြီ…

ရေသောက်/ ချောင်းဆိုး လုပ်ရင်းနဲ့ပဲ လည်ချောင်းထဲရောက်သွားတယ်။ အသက်ပုံမှန်ပြန်ရသွားလို့ တော်သေးတယ် လည်ချောင်းမှာ ခုနေသေးတယ်။

ညတွင်းချင်းပဲဆေးရုံးသွားတယ်။ ရေသောက် အန်ခိုင်းတယ် မထွက်ဘူး။ နှာခေါ်င်းထဲ ပိုက်ထိုးထည့်တယ် မထွက်ဘူး။

ဒုတိယကြိမ်ပိုက်ထိုးတယ်။ အနာဆုံးပဲ၊ အသက်ရှုရခက်ခက်နဲ့ ထပ်ပြီးအန်တယ်။ စိတ်ထဲမှာရှိနေသေးတယ်လို့ ထင်တယ်။

ဆရာဝန်က သက်သာလောက်ပြီထင်တယ်ပြောလို့ အိမ်ပြန်လာတယ်။ နောက်နေ့အိပ်ရာနိုးတော့ သက်သာတယ်။

စိတ်ထဲမှာ မသင်္ကာတာနဲ့ နား၊ နှာခေါင်း ဆေးရုံ ထက်သွားတယ်။ X Ray သွားရိုက်တယ် လည်ချောင်းကို စက်နဲ့ကြည့်တယ်။ မရှိတော့ဘူးလို့ပြောမှ စိတ်အေးသွားရတယ်။

သင်ခန်းစာကတော့ Mask တပ်ရင် အဖတ်အစ တွေရှိမရှိ မတပ်ခင် စစ်ဆေးပါ။ N95 လေပေါက်ပါတဲ့ mask အမျိုးအစားမှာ အဖတ်စ တွေရှိတတ်တယ်။

သတိထားနိုင်ကြပါစေ။ Smith

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners