လေဖြတ်ခံနီးဆိုရင် ကြုံလာရမယ့် လက္ခာဏာကြီး ၅ မျိူး

လေဖြတ်တာကို ဆေးပညာအရ Stroke လို့ခေါ်ပါတယ်။

လေဖြတ်ခြင်းမှာ အဓိကအားဖြင့် ရုတ်တရက်လေဖြတ်ပြီးပြီးချင်း တမိနစ်ကြာတိုင်းမှာ ဦးနှောက်အတွင်းရှိဆဲလ်ပေါင်း ၁ ဒသမ ၉သန်းဟာ သွေးကောင်းစွာမရတဲ့အတွက် ပျက်စီးရပါတယ်။

လေဖြတ်တဲ့အချိန်နဲ့ဆေးကုသမှုရတဲ့အချိန်နှစ်ခု ကြား အချိန်ကာလဟာကြာလေလေ ဦးနှောက်ထဲက ဆဲလ်တွေထိခိုက်ပျက်စီးနှုန်းများလေလေပါပဲ။

လေဖြတ်ဖြတ်ချင်းစောစီးစွာကုသမှုရခဲ့ပါက ဦးနှောက်ဆဲလ်ပျက်စီးမှုအရမ်းမများသေးတဲ့အတွက် လူနာဟာ အကောင်းပတိအတိုင်းပြန်လည်ကောင်းမွန်ဖို့အခွင့်အရေးပိုများပါတယ်။

လေဖြတ်မှုအချိန်ကြာမြင့်ရင်(ဆိုလိုတာက လေဖြတ်ဖြတ်ချင်း သင့်တော်တဲ့ဆေးကုသမှုမရဘဲ ကြာနေရင်) ဦးနောက်ဆဲလ်ပျက်စီးမှုများတဲ့အတွက် လူနာဟာ စကားပြောဖို့ခက်ခဲတာ၊မှတ်ဉာဏ်တွေဆုံးရှုံးတာ နဲ့ ခြေလက်ပြန်လည်လှုပ်ရှားနိုင်ခြေနည်းသွားတာ တွေဖြစ်ဖို့ ပိုအခွင့်အရေးများပါတယ်။

ဒါကြောင့် လေဖြတ်ရောဂါလက္ခဏာခံစားရရချင်းမှာ ဆေးခန်း ဆေးရုံပြပြီး စောစီးစွာကုသမှုခံယူဖို့က အလွန်အရေးကြီးပါတယ်။

သို့သော် လူအများဟာ လေဖြတ်ခါနီးပြလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကို သတိမမှုဘဲ သို့မဟုတ် သတိမူမိသော်လည်း သာမန် သဘော ထားကာ လျစ်လျူရှုမိတတ်ကြပါတယ်။

ဒီအတွက် ဒီတပတ်မှာ လူအများသတိထားလေ့မရှိတဲ့ လေဖြတ်ခါနီးရင် ပြတတ်သော လက္ခဏာ (၅)ချက်ကိုရေးသားတင်ပြချင်ပါတယ်။

၁။ခေါင်းတအားကိုက်ခြင်း

လူတိုင်းနီးပါးခေါင်းကိုက်တတ်ပါတယ်။ခေါင်းကိုက်ရခြင်းအကြောင်းတွေကလည်းအများကြီးပါ။

ဒါကြောင့်ခေါင်းကိုက်တာကို လူအမ်ားစုက သိပ်အလေးထားလေ့မရှိတတ်ကြပါဘူး။

သို့သော် အခုတခါခေါင်းကိုက်တာက အရင်အခါတွေနဲ့မတူအောင် တအားပြင်းပြင်းထန်ထန်ကိုက်တာ သို့မဟုတ် အရင်က တခါမှခေါင်းကိုက်တာမဖြစ်ဘဲ ခုမှခေါင်းကိုက်တာ မျိုးဆိုရင်တော့ ဒါဟာလေဖြတ်ရောဂါလက္ခဏာဖြစ်နိုင်ခြေရှိပါတယ်။

ကွဲကွဲပြားပြားကတော့ ဆရာဝန်တွေက စမ်းသပ်စစ်ဆေးကြည့်မှ သိမှာဖြစ်တဲ့အတွက် ပေါ့ပေါ့တန်တန်သဘောမထားဘဲ နီးစပ်ရာဆေးရုံ ဆေးခန်းပြသဖို့လိုပါတယ်။

၂။အမြင်အာရုံက တခုကိုနှစ်ရိပ်နှစ်ထပ်မြင်ရခြင်း

အရာဝတၳုတခုကို နှစ်ရိပ်နှစ်ထပ်မြင်ရခြင်း၊အမြင်မှုန်ဝါးခြင်း၊မျက်စိတဖက်ရုတ်တရက် မမြင်ရခြင်း စတာတွေဟာ လေဖြတ်ခြင်းရဲ့ ရောဂါလက္ခဏာတွေဖြစ်နိုင်ပါတယ်။

သို့ပေမယ့် လူအများစုဟာ ဒီလိုနှစ်ရိပ်နှစ်ထပ်ဖြစ်တာ၊အမြင်မှုန်ဝါးတာတွေဖြစ်ရခြင်းက ပင်ပန်းနွမ်းနယ်လို့ အသက်ကြီးလို့ ဖြစ်ရတာလို့ပဲ မှတ်ယူပြီး ပေါ့ပေါ့ဆဆနေတာများပါတယ်။

အရေးပေါ်ဆေးကုသမှုပညာရပ်အထူးကု ဆရာဝန်တဦးဖြစ်တဲ့ဒေါက်တာ ကာရိုလင်း ကတော့ လူအများစုထင်သလို မြင်ကွင်းအာရုံ နှစ်ရိပ်နှစ်ထပ်မြင်ရခြင်း၊အမြင်ဝါးခြင်းတွေဟာ အသက်ကြီးလို့ ပင်ပန်းနွမ်းနယ်လို့ မျက်စိအသုံးများလို့ဖြစ်တာ မဟုတ်နိုင်ဘဲ လေဖြတ်ခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ခြေပိုများကြောင်းပြောထားပါတယ်။

၃။အိပ်ရာအထလက်မောင်းနဲ့ခြေထောက်များထုံကျင်နေခြင်း

တရေးအိပ်ပြီး နိုးလာတဲ့အခါ ခြေလက်တွေ ထုံကျင်တာမျိုးဖြစ်ရင် ငါ အချိန်ကြာကြီး ဖိအိပ်မိလို့ဖြစ်တာပဲ ဆိုပြီး လူအမ်ားစုက အလြယ္တကူ ပေါ့ပေါ့လျော့လျော့ ယူဆတတ်ကြပါတယ်။

သို့သော် ဒီထုံကျင်နေတာဟာ ၁၅မိနစ် ကေန နာရီဝက်ကြာတဲ့အချိန်ထိ ပျောက်ကင်းသက်သာမှုမရှိရင်တော့ ဆေးခန်းပြသဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ဒီလိုထုံတာကျင်တာဆက်ဖြစ်နေခြင်းဟာ သင့်ကျောရိုးမှ ဦးခေါင်းနောက်ပိုင်းသို့သွားတဲ့ သွေးကြောထဲမှာ အကြောင်းတခုခုကြောင့် သွေးစီးဆင်းမှုလျော့နည်းသွားခြင်းကြောင့်ဖြစ်နိုင်လို့ပါ။

၄။စကားပြောရာတွင်ဗလုံးဗထွေးဖြစ်ခြင်း

လူအချို့က စကားပြောရာမှာ ဗလုံးဗထွေးဖြစ်လာရင် စိုးရိမ်ပြီး ဆေးခန်းပြတတ်ကြပေမယ့် လူအမ်ားစုကေတာ့ ဒီလိုစကားပြောရာမှဗလုံးဗထွေးဖြစ်တာဟာ ပင်ပန်းလို့ သို့မဟုတ် မိမိသောက်သုံးနေတဲ့တချို့သော ဆေးဝါးများရဲ့ (ဥပမာ တချို့ကိုက်ခဲနာကျင်မှုပျောက်ဆေးများ)ဘေးထွက်ဆိုးကျိုးဖြစ်မယ်လို့ယူဆပြီး ပေါ့ပေါ့ဆဆနေတတ်ကြပါတယ်။

စကားများ ဗလုံးဗထွေးဖြစ်တာဟာ လေဖြတ်နိုင်တဲ့အကြောင်းတခုဖြစ်ဖို့ ဖြစ်နိုင်ခြေပိုများတာကြောင့် ဆရာဝန်နဲ့ပြသစစ်ဆေးပြီး ကုသမှုခံယူဖို့လိုပါတယ်။ စကား ဗလုံးဗထွေးဖြစ်တာနဲ့ တွဲဖြစ်တတ်တာတွေကတော့ မျက်နှာတခြမ်းရွဲ့သွားတာ ဖြစ်ပါတယ်။

၅။ခန္ဓာကိုယ် ဟန်ချက်မထိန်းနိုင်ဘဲ ဒယိမ်းဒယိုင်ဖြစ်ခြင်း

လူတချို့က အထူးသဖြင့် အရက်သောက်တဲ့သူတွေဆိုရင် ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီး ဒယိမ်းဒယိုင်ဖြစ်တာဟာ သူတို့မနေ့ညတုန်းက အသောက်များသွားလို့ ဒီမနက်ဒီလိုဖြစ်တာလို့ ယူဆတတ်ကြပါတယ်။

တချို့ကျတော့လည်း အိပ်ရေးပျက်လို့ ပင်ပန်းလို့ အစားသောက်နည်းလို့ ချွေးထွက်လွန်လို့ ဖြစ်တယ်လို့ ယူဆတတ်ကြပါတယ်။

ဒယိမ်းဒယိုင်ဖြစ်တာဟာ သင့်ရဲ့ ဦးနှောက်ဆီကို သွေးစီးဆင်းမှု လျော့နည်းသွားတာကြောင့် ဖြစ်ပါတယ်။ဒါကြောင့် ရုတ်တရက် ဒီလိုမျိုးဖြစ်လာပြီဆိုပါက နီးစပ်ရာကိုအကူအညီတောင်းပြီး ဆေးခန်းပြဖို့လိုပါတယ်။

source: On Doctor

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners