ဒီနေ့ခေတ် လူငယ်တွေ လိုက်မမှီနိုင်တဲ့ မြန်မာ့ရာဇဝင်ထဲက အချစ်စကားလုံးများ

ဒီနေ့ခေတ် လူငယ်တွေ လိုက်မမှီနိုင်တဲ့ မြန်မာ့ရာဇဝင်ထဲက အချစ်စကားလုံးများ

(၁) “မမြဝင်းရယ်…လှေလံနှစ်ဖက်နင်းမယ်ဆိုလည်း ကျုပ်ဘက်ကို ပိုပိုသာသာလေး ဖိနင်းလိုက်စမ်းပါဗျာ..။ ”

(ဗိုလ်အောင်ဒင်)

(၂) “မယ်သီတာရယ် မင်းပုံရိပ်ကလေး မြင်ခဲ့ ကတည်းက စွဲလမ်းခဲ့ရတာပါ..။ မင်းဘာသာ လင်ဘယ်နှယောက်ရဲ့ မယားဖြစ်နေနေ ငါဂရုမစိုက်ဘူး ။ ငါလိုချင်တာ မင်းအချစ်ကိုပါ..။ သိပ်ချစ်လွန်းလို့ မင်းနှလုံးသားကိုရဖို့ ငါ အရူးတစ်ယောက်လို ကြိုးစားခဲ့တာ…ကြည့်ပါဦး..။

ငါ့ဆွေတွေ ၊ မျိုးတွေ အကုန်သေ..ငါ့တိုင်းပြည်ကြီး မီးဟုန်းဟုန်းတောက်လောင်နေပြီ..၊ မင်းအချစ်ကိုရဖို့.. ငါသေပြဖို့ပဲ.. လိုတော့သလား..ဟင်။ ..”

(ဒဿဂီရိ)

(၃) ” သေစေနိုင်တဲ့ အဆိပ်တွေပါမှန်း သိသိကြီးနဲ့ ကျုပ်မရှောင်နိုင်ခဲ့တာ မင်းနှုတ်ခမ်းတွေပါပဲ ရွှေအိမ်စည်ရယ်…။ ”

(ပရိက္ခရားမင်းသား)

(၄) ” သွားပေဦးတော့ စောမွန်လှရေ.. သွားပေဦးတော့။ မင့် မမြင်နိုင်တဲ့ ဘုရင်တပါးရဲ့ အချစ်နဲ့ မျက်ရည်တွေကို ဟောဟိုက မပြီးသေးတဲ့ ရွှေစည်းခုံ ဘုရားကြီး သက်သေတည်ပြီ… ဆုထားခဲ့ချင်ပါရဲ့..။ နောင်ဘဝ ဆိုတာရှိခဲ့ရင်……”

(အနော်ရထာ)

(၅) ” ချစ်ခြင်းအတွက် … သေခြင်းကို ရင်ဆိုင်ရမယ်ပေါ့..။ မအံ့သြပါဘူး…။ အရှင့်သားကို စချစ်မိကတည်းက ခင့်နှလုံးသားရော ဘဝတခုလုံးပါ သေဆုံးခဲ့ ပြီးသားပဲ..”

(ဒိုင်းခင်ခင်)