ကြက်ပေါက်လေးတွေကို အရောင်ဆိုးပြီး စျေးထဲမှာ ရောင်းနေတာ တစ်ကောင် ၂၀၀ တဲ့၊ ရင်ထဲမကောင်းဘူး

ဒီနေ့မနက် စျေးထဲခနသွားတော့ အော်ရောင်းနေတာ တစ်ကောင် ၂၀၀ တဲ့ တချို့လူတွေက ချစ်စရာလေး ဝယ်ကြမယ်ဘာညာပေါ့

ကိုယ့်သွားကြည့်တော့ ရင်ထဲမကောင်းဘူး

ကလေးလေးတွေက ငယ်သေးတယ် အဲ့ဒါကိုဆေးဆိုးထားတာများကြည့်ကြပါအုံး

သူတို့လေးတွေရဲ့အသားရေတွေ ဘယ်လောက်များ ပျက်စီးနေမလဲ

တချို့လူတွေက သနားလို့ဆိုပီးဝယ်ကြတယ်

ဝယ်တဲ့လူကို ပလက်စတစ်အိမ်နဲ့ ထည့်ပေးတယ်

ကြမ်းတမ်းလိုက်ကြတာ ကြက်ကလေးတွေကိုကိုင်တာ ကိုယ့်သားသမီးမွေးကစလေးတွေကို ဘယ်လို ယုယခဲ့လဲပြန်တွေးကြည့်ကြပါအုံး

ကြက်ကလေးတွေကို ကိုင်တာအမလေး ကြမ်းတမ်းချက်က 9လောက်ရှိတယ်

တော်ကြပါအုံး မရောင်းပါနဲ့တော့တခြားရောင်းစားလို့ရမယ့်အလုပ်တွေအများကြီးရှိပါတယ်နော်

Credit – Htet Htet Aung