ကြောက်ခမန်းလိလိ ကူးစက်နေတဲ့ ကိုဗစ်ရောဂါနဲ့ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်အလက်လေးတွေကို ပြောပြလာတဲ့ ဒေါက်တာစိန်ဖြိုးလှိုင်( မောင် )

လက်ရှိအခြေအနေ မှာတော့ မြန်မာနိုင်ငံ ဟာ ကိုဗစ် တတိယလှိုင်းနဲ့ရင်ဆိုင်နေရပြီဖြစ်သလို နေ့စဉ်ကိုဗစ်ကူးစက်ခံရသူ ရာချီ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ Stay At Home မြို့နယ် ၁၀ မြို့နယ်အထိ ကြေငြာထားရသလို သေဆုံးသူအရေအတွက် လည်း နေ့စဉ်တိုးလာလျှက်ရှိတာပါ။



ဒီလိုကြောက်စရာ အခြေအနေနဲ့ပတ်သတ်ပြီး ဆရာဝန်တယောက်လည်းဖြစ် သရုပ်ဆောင်လည်း ဖြစ်တဲ့ ဒေါက်တာစိန်ဖြိုးလှိုင် (Or) သရုပ်ဆောင်မောင် က ကိုဗစ်နဲ့ပတ်သက်ပြီး ပရိသတ်တွေကြိုတင်ဆောင်ရွက်ထားသင့်တာတွေကို အကြံပြုပြောကြားလာခဲ့ပါတယ်။


စိန်ဖြိုးလှိုင်က “ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ COVID ဖြစ်တဲ့သူတွေ ‌နေ့တိုင်းနီးပါတွေ့လာနေရပါတယ်။ ကာကွယ်ဆေး ထိုးထားတိုင်းလဲ အပြည့်အဝ စိတ်မချရပါဘူး။ အရင်လို Center တွေများတဲ့အချိန်မှာတောင် ကျွန်တော်တို့တွေဒုက္ခရောက်ခဲ့ကြ တာ အခုအခြေအနေမျိုးနဲ့ဆို ပိုဆိုးနိုင်တာမို့ COVID ဖြစ်ခဲ့ရင်ဘာလုပ်ရမလဲဆိုတာ ကြိုပြီး စုံစမ်း စီစဉ်ထားကြပါ။



အောက်စီဂျင်တိုင်းတဲ့စက်ဝယ်ထားကြပါ။ အောက်စီဂျင်အိုး ငှားလို့ရမဲ့နေရာတွေရှာထားကြပါ။ဘယ်အစိုးရဆေးရုံ ဘယ်ပုဂ္ဂလိက ဆေးရုံတွေက COVID စစ်ပေးလဲ၊ ကုပေးလဲဆိုတာ သိတဲ့လူတွေကိုမေးထားကြပါ။အပြင်သွားတိုင်းအကာအကွယ်အပြည့်ယူကြပါ။ သတိထားကြပါ။” လို့ဆိုလာခဲ့တာပဲဖြစ်ပါတယ်။


ပရိသတ်ကြီးလည်း ကိုဗစ်နဲ့ပတ်သတ်ပြီး ဂရုစိုက်နိုင်စေဖို့ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်နေ်ာ။


Source – Sein Phyo HLaing