း ပရိသတ်တွေ မမြင်ဘူးသေးတဲ့ သူတို့နှစ်ယောက်ရဲ့ အမှတ်တရ ဗီဒီယိုလေးတစ်ခုကို ထုတ်ပြလာတဲ့ ရေမွန်ရဲ့ချစ်သူ ကောင်မလေး

အဆိုတော်ရေမွန်ကတော့ ယခုရက်ပိုင်းအတွင်းမှာပဲ လွတ်မြောက်နယ်မြေ မှာ အစာအိမ် သွေးကြောပေါက်ပြီး ဆုံးပါးသွားခဲ့ရတာပါ။သူ့ရဲ့ပရိသတ်တွေကတော့ သူဆုံးပါးသွားချိန်မှာ အထူးဝမ်းနည်းကြေကွဲခဲ့ကြတာလည်းဖြစ်ပါတယ်



ရေမွန့်ရဲ့ဈာပနကို လွတ်မြောက်နယ်မြေမှာပဲ ကျင်းပခဲ့ပြီး အမေဖြစ်သူ ဒေါ်ခင်မြတ်မွန်ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးခဲ့တာပါ။ရေမွန်ရဲ့ချစ်သူ ကောင်မလေးဟာလည်း လိုက်ပါပို့ဆောင်ချင်ခဲ့ပေမယ့် ကိုယ်တိုင်နေမကောင်းဖြစ်နေခဲ့တာကြောင့် လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။



ယနေ့မှာတော့ ရေမွန်ရဲ့ ချစ်သူကောင်မလေးက သူနဲ့ ရေမွန်ရဲ့ အမှတ်တရ Video လေးတစ်ခုကို ထုတ်ပြလာခဲ့တာပါ။ဒီ Video လေးက ရေမွန့် ပရိသတ်တွေအတွက် ထိရှစရာဖြစ်နေခဲ့တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်။



ရေမွန်တယောက် ကောင်းရာ သုဂတိလားနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်။။…..