မြန်မာနိုင်ငံမှာပဲထွက်သည့် ကမ္ဘာ့အရှားပါးဆုံး မြန်မာ့ကျောက်မျက် (သို့) ပိန်းနိုက် အကြောင်း

မြန်မာနိုင်ငံတွင်သာထွက်သည့် ကမ္ဘာ့အရှားပါးဆုံးမြန်မာ့ကျောက်မျက်မှာ ပိန်းနိုက်(Painite) ဖြစ်ပါသည်။

ပိန်းနိုက်ကျောက်များကို ရှာဖွေစုဆောင်း စီးပွားဖြစ်လာခဲ့သော မစ္စတာလာဆင် (Bill Larson)၏ မှတ်တမ်းကို တင်ပြပါမည်။

၁၉၇၀ပြည့်နှစ်က ကျွန်တော်ဗြိတိသျှ သဘာဝသမိုင်းပြတိုက်သို့ ပထမဦးဆုံးအကြိမ် ဝင်ရောက်ခဲ့သည်။

တာဝန်ကျအရာရှိ ဒေါက်တာပီတာ (Dr. Peter Embrey) ကမစ္စတာပိန်း(A. C. D Pain) စုဆောင်းထားသော မြန်မာ့ပတ္တမြားအပါအဝင် ၁ဒသမ ၇ဂရမျနှင့် ၂ ဒသမ ၁ ဂရမ်သာရှိသော

အနီရင့်ရောင်ရှိ ကျောက်အရိုင်းနှစ်ခုကိုပြပြီး ပိန်းနိုက်ကျောက်ဟု ခေါ်ကြောင်း၊ ကမ္ဘာတွင်နှစ်ပွင့်သာ တွေ့ရသေးကြောင်းပြောခဲ့ပါသည်။

၁၉၅၄ ခုနှစ်မှ စတင်တွေ့ရှိခဲ့သော မစ္စတာပိန်း(မိုးကုတ်အခေါ်ဗိုလ်ပိန်း) ကိုဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။

၁၉၉၃ခုနှစ်တွင် ဒေါက်တာဂူဗလင်(Dr. E. Giibelin)ကရတနာမြေ မိုးကုတ်သို့ အတူသွားရန် ဖိတ်ကြားခဲ့ပါသည်။ ထိုအချိန်တွင် တတိယကျောက်တစ်ပွင့်ကို အမေရိကန်ကျောက်မျက်အတတ်ပညာဌာန G.I.A-Gemological Institute of Americaကို ၁၉၇၉ ခုနှစ်တွင်

မစ္စတာစွဘိုဒါ (Ed. Swoboda) ကလှူဒါန်းပြီးဖြစ်၍ ကမ္ဘာတွင်ပိန်းနိုက်ကျောက် သုံးပွင့်ရှိလာသော ကာလဖြစ်ပါသည်။ ၁၉၉၅ ခုနှစ်တွင် ကျွန်တော်မိုးကုတ်သို့ ဒုတိယအကြိမ်သွားခဲ့ပါသည်။

ကျွန်တော်လိုက်ရှာနေသော ပိန်းနိုက်ကျောက်ကို ဓာတ်ပုံရိုက်ကာ မိုးအမာနှုန်း ၈လောက်ရှိသည်ကို ရွာသားများအားရှင်းပြခဲ့သည်။

မစ္စတာပိန်းစတင်တွေ့ရှိသော အုံးကိုင်းကျေးရွာအနီး၌ အထူးသဖြင့် ရှာဖွေစေခဲ့သည်။ ၁၀နှစ်အတွင်း ကျွန်တော်မိုးကုတ်သို့ အခေါက် ၂၀ခန့်သွားသော်လည်း ပိန်းနိုက်ကျောက် တစ်ပွင့်မျှမရရှိခဲ့ပါ။၂၀၀၁ခုနှစ်တွင် ပိန်းနိုက်ကျောက်ဟုဆိုသော ၅၅ ဂရမ်ရှိကျောက်အရိုင်းတစ်ပွင့် ကျွန်တော့်ထံ ရောက်လာသည်။

ပြင်ပအသွင်အပြင် ကြည့်ရသည်မှာ ပိန်းနိုက်ကျောက်နှင့် တူသဖြင့်ဝယ်ခဲ့သည်။ နှစ် ၃၀ခန့်မိတ်ဆွေဖြစ်သော ပညာရှင်ဒေါက်တာရိုစမင် (Dr. G. Rossmen)ထံပေးပို့ခဲ့ရာတွင် ခင်ဗျားရဲ့ကျောက်ထဲမှာ ကယ်လ်ဆီယမ်၊ ဇာလွန်နီယမ်နှင့် ဘိုဂွန်ဓာတ်တွေ တွေ့ရတယ် ဟုပညာရှင်ဆန်ဆန်ပြောခဲ့သည်။

ကျွန်တော်၏ကျောက်သည် ကျွန်တော်ရှာနေသော ပိန်းနိုက်ကျောက်ပင် ဖြစ်နေလေသည်။ နှစ် ၃၀ကျော်ကြာခဲ့ပြီး ငွေများစွာအကုန်အကျခံ ရှာဖွေပြီးနောက် ကမ္ဘာ့စတုတ္ထမြောက် ကျောက်ကိုကျွန်တော်ရရှိခဲ့ပြီဖြစ်သည်။

ထိုနှစ်၌ပင်မိတ်ဆွေကြီး ဒေါက်တာရိုးစမင်၊ အမေရိကန် သဘာဝသမိုင်းပြတိုက်မှဒေါက်တာဟာရို (Dr. G. Harlow)တို့နှင့်အတူ မိုးကုတ်ကိုသွားရန် စီစဉ်ခဲ့ကြသည်။ သို့သော်ကျွန်တော်တို့ကို သွားခွင့်မပြုခဲ့ပါ။

ဒေါက်တာရိုစမင်ကမူ ပညာရှိပီပီကျောက်အဖြုန်း တစ်ထုပ်လောက် ရအောင်ဝယ်ခဲ့သည်။ ပြီးနောက် အမေရိကန်သို့ ပြန်လာပြီး စမ်းကြည့်လိုက်တော့မှ အထဲမှနှစ်ပွင့်မှာ

ပိန်းနိုက်ကျောက်များ ဖြစ်နေသည်ကိုတွေ့ရသည်။ ၎င်းမှာမူလကျောက်ကို စတင်တွေ့ရှိခဲ့ရာဒေသမှ မိုင်ရာချီဝေးကွာသည့် ဒေသတွင် ပထမဦးစွာတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာတစ်ဦးကို ထိုဒေသသို့ ထပ်မံစေလွှတ်ပြီး စုဆောင်းစေရာ ပိန်းနိုက်ကျောက် အပိုင်းအစငယ်များကို ထပ်မံတွေ့ရှိရပြန်ပါသည်။

၂၀၀၅ ခုနှစ်တွင်ပိန်းနိုက်ကျောက် ဖြစ်ပွားစေခဲ့သော ဘူမိဖြစ်စဉ်ကို သုတေသီတို့သိရှိလာသည်။ မြန်မာလူငယ်အချို့၏ ကူညီမှုကြောင့် မိုးကုတ်မြို့အနောက်ဘက် ၁၀မိုင်ခန့်ကွာသော ဝက်လူးဒေသနှင့် သူရိယတောင်ဒေသများမှာလည်း ထပ်မံတွေ့ရှိလာပြန်ပါသည်။ ကမ္ဘာ့အရှားပါးဆုံး ကျောက်မျက်ကို

အများဆုံးပိုင်ဆိုင်သူမှာ ကျွန်တော်ဖြစ်လာပါသည်။ ရသမျှများကို စိတ်ဝင်စားသော လူများထံ(အထူးသဖြင့်) စမစ်ဆိုနီယမ်နှင့် အမေရိကန်ပြတိုက်သို့ ရောင်းချခဲ့ပါသည်။

Bill Larsonရေးသားသော Painite Come to Pala ကိုမှီငြမ်းဖော်ပြအပ်ပါသည်။ ဦးမြင့်ဝေ (ကြို့ပင်ကောက်)

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners