သိကြားမင်းက နေ့စဉ် ရှိခိုးရသည့် လူ အမျိုးအစား (၄)မျိုး

သိကြားမင်းက အောက်ပါ အကျင့်သီလနဲ့ ပြည့်စုံ သူများကို နေ့စဉ် ရှိခိုးလေ့ ရှိပါတယ်-

၁။ ကြာမြင့်စွာ ကာလ ကထဲက မြတ်သော အကျင့် ရှိကြ တဲ့ ရဟန်း သူတော်စင်များ။

၂။ ပရဟိတ စိတ်ရှိပြီး ဒါနဝတ် ရှိတဲ့ လူဝတ် သူတော်စင်များ။

၃။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည်အားဖြင့် အကျင့်သီလ ရှိကြတဲ့ လူဝတ် သူတော်စင်များ။

၄။ တရားသဖြင့် ရှာဖွေပြီး သား မယားကို ပြုစု သူများ။ (လင့်ဝတ်၊ မယားဝတ်၊ သားသမီးဝတ်၊ မိဘဝတ်၊ ကျေပွန်သူများ) မိသားစု ဘဝလေးကို စင်စင်ကြယ်ကြယ်နဲ့ ပျော်ရွှင်မှုကို ဖန်တီးပေး နိုင်သူကို သိကြားမင်း ရှိခိုး သတဲ့။

အပြင်ထွက်လျှင် မိဘကို ရှိခိုးသွားသင့်

သိကြားမင်းက သူ၏နေရာ ဘုံဗိမာန်ကနေ အပြင်ထွက်တိုင်း ထွက်တိုင်းမှာ ရှိခိုးသင့်တဲ့သူတွေကို ရှိခိုးလေ့ရှိသတဲ့၊ ယနေ့ ခေတ် ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင် ဆိုတာ ထက် ဘာသာစိတ် အသိစိတ်ရှိတဲ့ သူတွေ ဆိုရင်

ပိုမှန်မည် ထင်သည်၊ သူတို့ တတွေဟာ ကျောင်းကိုပဲ သွားသွား၊ သင်တန်းကိုပဲ သွားသွား၊ အလုပ်ကိုပဲ သွားသွား၊ ခရီးကိုပဲ သွားသွား၊ ဘယ်အကြောင်းကြောင့် ပဲ ဖြစ်ဖြစ် အပြင်ထွက်ပြီ ဆိုရင် ဘုရားခန်းက ဗုဒ္ဓမြတ်စွာ ရယ်၊ အမေ အဖေ တို့ကို ပါ ကျကျနန ရှိခိုးပြီးမှ သွားလေ့ ရှိသည်။

သိကြားမင်း သည်လည်း ထိုနည်းတူစွာပင် ဗုဒ္ဓ၏ တပည့်ကောင်း များနည်းတူ အပြင်ထွက် ခါနီး လက်အုပ် ချီ ရှိခိုးလေ့ ရှိသည်၊

ထိုသို့ ရှိခိုးနေ တာကို မြင်တော့ တပည့်ဖြစ်သူ မာတလိ နတ်သားက “အရှင်သိကြားမင်းကြီး၊အရှင်မင်းကြီးက ဘယ်သူ့ကို ဘယ် အကြောင်းကြောင့် ရှိခိုးနေ တာလဲ၊ တကယ်ဆို မြေပြင်ရှိ ဝိဇ္ဇာသုံးပါး အဘိဉာဏ်များ ရရှိပြီး သူများနှင့် ရေမြေတောတောင်ကို အစိုးရတဲ့ ဘုရင်တွေက အရှင်နတ်မင်းကြီးကို ရှိခိုးကြ ရပါ တယ်။

ဝေဟင်ပြင်ရှိ နတ်မင်းကြီး လေးယောက်နှင့် နတ်အပေါင်းတို့ကို အစိုးရသော တာဝတိံသာ နတ်မင်းတို့ကပါ အရှင်နတ် မင်းကြီးကို ရိုသေပေးကြရတယ်၊ ရှိခိုးကြ ရတယ် မဟုတ်လား”ဟု မေးတော့ သိကြားမင်းက

“ငါ ရှိခိုးနေတဲ့သူတွေက တခြားမဟုတ်ဘူးရဟန်းသူတော်စင် လူ သူတော်စင်များ ဖြစ်ကြတယ်”ဟု အထက်ပါ အရှိခိုးခံထိုက်သူများကို စာရင်းလုပ် ထုတ်ပြလေသည်။

– ကိုယ့်သား ကိုယ့်မယားကို သမ္မာအာဇီဝဖြင့် ပြုစုလုပ်ကျွေးနေချိန်၊ ကိုယ့် အမိအဖကို ပြုစုလုပ်ကျွေးနေတဲ့အချိန်သည် ကောင်းကင်း သိကြားမင်း၏ ရှိခိုးမှုကိုခံ ထိုက်နေသူဟု၍မှတ်။

– ငါးပါးသီလ လုံတဲ့နေ့သည် သိကြားမင်း၏ ရှိခိုးခြင်းကို ကောင်းကောင်းကြီး ထိုက်နေတဲ့ အချိန်ဟူ၍မှတ်။

– ပေးကမ်းနေ တဲ့အချိန်၊ စွန့်ကြဲနေတဲ့အ ချိန်၊ အလှူဒါန ပြုနေတဲ့ အချိန်တိုင်း သည်လည်း သိကြားမင်း ရှိခိုးခြင်းကို ထိုက်တန်တဲ့ အချိန်ဟူ၍ မှတ်ကြရန် သိကြားမင်းပြော သည်။

( သံယုတ်ပါဠိတော်၊ ပဌမတွဲ၊ သက္ကသံယုတ်၊ဒုတိယဝဂ္ဂ၊ ၈- ခုမြောက်၊ ဂဟဋ္ဌဝန္ဒနာသုတ်၊ပုဒ်ရေနံပါတ်- ၂၆၃၊စာမျက်နှာ ၂၃၅ – မှ ၂၃၆ ထိ )ကိုးကား၍ ရေးသား ပါသည်။

ထိုကဲ့သို့သော အလုပ်မျိုးကို သိကြားမင်း ရှိခိုးခံထိုက် ရုံသာ မက၊ပညာရှိ သူတော်ကောင်းတို့ကပါ ချီးမွးမ်းထောမနာပြု ကြသည်၊ အယုံအကြည် ရှိကြ သည်၊ မြတ်နိုးကြ သည်၊ ပူဇော်ကြ သည်။ ဖြစ်လေရာရာ ဘဝတိုင်းမှာလဲ ထိုသူပြုအပ်သော အလုပ်တွေကပဲ ပြန်လည် ကြိုဆိုကြပါလိမ့်မည်။

သိကြားမင်းနှင့် သူတော်ကောင်းများ အရိုအသေပေး ထိုက်သော ထိုအလုပ်များ ကို ပြုလုပ်ထားသူသည်လည်း လက်ရှိ ဘဝမှာလဲ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာ နေရသလို

ဘဝတိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါလိမ့်မည်။ ကိုယ်လုပ် ခဲ့သော အလုပ်ကို တွေးမိလေး တိုင်းလဲ ပီတိတွေ လှိုင်လှိုင်ဖြစ်ရပါလိမ့်မည်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners