မျက်လုံးထဲကသွေးကြောတွေ ခဲနေတာကြောင့် ဆရာဝန်ပြကြည့်မှ အဖြစ်မှန် သိရတဲ့ မိန်းကလေး

တ ရု တ်နို င်ငံက ချန်းဆိုတဲ့ မိန်းကလေးတစ်ဦးဟာ စမတ်ဖုန်းကို အလွန်အကြူးအသုံးပြမိတာကြော င့်

ဖြ စ်ရပ်ဆိုးတခုနဲ့ ကြုံတွေ့ခဲ့ရတဲ့ သတင်းလေးက ပျံ့နှံ့လို့နေပါတယ်။

ချ န်းက တော့ အတွင်းရေးမှူးအဖြစ် အသက်မွေးလုပ်ကိုင်နေသူ ဖြစ်တာကြောင့် အလုပ်နဲ့ပတ်သတ်တဲ့ မက်ဆေ့ချ်တွေကို

အ ချိန်မီပြန်လည် ဖြေကြားနိုင်ဖို့အတွက် ဖုန်းကို အချိန်တိုင်း အသုံးပြုနေရသူတစ်ဦးပဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ ချန်းဟာ နေရောင်ထဲမှာပါ ဖုန်းအသုံးပြနိုင်ဖို့အတွက်

သူမရဲ့ဖုန်းအလင်းရောင်ကို အဆုံးထိတင်သုံးမိခဲ့ရာကနေ ကြာလာတဲ့အခါမှာ သူမရဲ့မျက်လုံးတွေက အဆင်မပြေမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။

နေ့ဘက်သုံးရင်လည်း ဖုန်းအလင်းကအဆုံး ညဘက်အသုံးပြုရင်လည်း ဖုန်းအလင်းရောင်က အဆုံးတင်ပြီး

သုံးမိခဲ့တဲ့ချန်းကတော့ အိမ်ရာထတဲ့ အချိန်တွေမှာ သူမရဲ့မျက်လုံးတွေက ရဲပြီး မြင်ကွင်းတွေက ဝေဝါးလာခဲ့ပါတော့တယ်။

ဒါပေမယ့် ချန်းဟာ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး မျက်စင်းတွေကိုပဲအသုံးပြုခဲ့တာကြောင့်

သူမရဲ့မျက်လုံဟာ တဖြေးဖြေးအခြေအနေဆိုးရွားလာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဆေးရုံကိုသွားပြီး စစ်ဆေးကြည့်တဲ့အခါမှာတော့ သူမရဲ့မျက်လုံးထဲကသွေးကြောတွေဟာ ခဲနေပြီး

ဘယ်လက်မျက်ကြည်လွှာထဲမှာ သေးငယ်တဲ့အပေါက်ပေါင်း ၅၀၀ လောက်ရှိနေတာကို သိရှိခဲ့ရပါတယ်။

စမတ်ဖုန်းရဲ့ အမြင့်ဆုံးအလင်းရောင်က ၆၂၅ lumen ရှိကာ ဒီပမာဏက လူသားတွေရဲ့

မျက်လုံးက ခံနိုင်ရည်ရှိတဲ့ ၃၀၀ lumen ထက် နှစ်ဆကျော် ပိုမိုများပြားနေတယ်လို့ ဆိုပါတယ်။

ဒီအလင်းရောင်ဟာ အထူးသဖြင့် အမှောင်ခန်းထဲမှာ ကြည့်မယ်ဆိုရင် မျက်ကြည်လွှာကို လောင်ကျွမ်းစေနိုင်ပြီး

ရေရှည်မှာ အမြင်အာရုံကို ထိခိုက်စေနိုင်တာကြောင့်ဘဲ ချန်းဟာ မျက်လုံးကွယ်ခါနီးအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။

အကယ်၍သူမသာ မျက်လုံးမစမ်းသပ်ဘဲ ထပ်ပြီးပေကပ်နေဦးမယ်ဆိုရင်တော့ သူမရဲ့ဘယ်လက်မျက်လုံးဟာ

ကွယ်သွားတော့မှာဖြစ်ပေမယ့် အချိန်မှီလေး ကုသနိုင်ခဲ့တာကြောင့် မျက်လုံးကွယ်မဲ့ ဘေးကနေ သီသီလေးလွတ်မြောက်သွားခဲ့ရပါတယ်။

ဒါပေမယ့် လူတိုင်းဟာတဦးနဲ့ တဦး ကံကောင်းပုံခြင်း မတူညီနိုင်တာကြောင့် ပရိသတ်တွေလည်း

သူမလိုအဖြစ်ဆိုးမျိုး မကြုံတွေ့ရလေအောင် ဒီဖြစ်ရပ်လေးကို နမူနာယူပြီး ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners