ယနေ့ ပြန်လည်လွတ်မြောက်လာသူစာရင်းတွင် နာမည်ကျော် အနုပညာရှင် ၂ ဦးပါဝင်လာ

ယနေ့မှာတော့ ပုဒ်မ ၅၀၅ ဖြင့်တရားစွဲဆိုခြင်းခံထားရသော အနုပညာရှင်များကို အမှုရုပ်သိမ်းပြီး လွှတ်ပေးလျှက်ရှိရာ နာမည်ကျော် အနုပညာရှင် ၂ ဦးလည်း ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။



အင်းစိန်ထောင်မှာ အချုပ်ကျခံနေရတဲ့ မိတ်ကပ်မေဦးမောင်နဲ့ သရုပ်ဆောင် မေတိုးခိုင်တို့ ကို လွှတ်ပေးခဲ့တာလို့သိရပြီး ယခုအချိန်မှာတော့ နေအိမ်တွေကို ပြန်လည်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။



မေဦးမောင်ရဲ့ လွတ်မြောက်လာမှု ကိုမော်ဒယ် ဖခင်ကြီး ဂျွန်လွင်က အတည်ပြုပေးခဲ့တာဖြစ်ပြီး မေတိုးခိုင်အတွက်ကိုတော့ သူမရဲ့မိသားစုတွေက အတည်ပြုပေးခဲ့တာပါ။



ပရိသတ်တွေကတော့ အထူးဝမ်းသာနေခဲ့ကြတာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ အနုပညာရှင်များ ပြန်လည်လွတ်မြောက်လာပါစေလို့ ဆုတောင်းနေခဲ့ကြတာဖြစ်ပါတယ်။