သင်္ဘောသီးတွေ ပြွတ်ခဲနေအောင် သီးစေသောနည်း

သင်္ဘောသီးတွေ ပြွတ်ခဲနေအောင် သီးစေသောနည်း

အစေ့ကို တစ်ရက်နေလှန်းပြီး ပျိုးပင်ဖောက်ပါ။ အဲ့ဒီပျိုးပင်လေး(၇-ရက်) ပြည့်တဲ့အခါခွဲစိုက် မယ့်နေရာကို….

(၁) တွင်းဝတစ်ပေ၊ အနက်တစ်ပေခွဲတူးပြီးတွင်းထဲကို သစ်ရွက်ခြောက်ဖြစ်စေ…ကောက်ရိုး ခြောက်ဖြစ်စေထည့်ပြီး မီးရှို့ပါ။နှစ်ကြိမ်ပြုလုပ်ရန် လိုအပ်ပါသည်။ ပြာကျပြီးတာနဲ့ တွင်းထဲကို ရေအပြည့်လောင်းပြီး တစ်ညထားပါ။

(၂) အပင်စိုက်မယ့်တွင်း အောက်ခြေမှာထုံးမှုန့်ငါးဆယ်သားခန့်ဖြူးပြီး ထုံးပေါ် မှာမြေဆွေး လက်ငါးသစ်ခန့်ထည့်ပါ။

(၃) လ္ဘက်ရည်ဆိုင်တွေမှာ စွန့်ပစ်စုပုံထားကြတဲ့နှပ်ပြီးသားအချိုခြောက်အဖတ်တွေကိုယူနွားချေးခြောက်နှင့်ဆတူ ရောသမမွှေပြီးတစ်နေလှန်းပါ။ပြီးလျှင်တွင်းထဲသို့ တစ်ထွာခန့်ထပ်ဖြည့်ပါ။၎င်းအပေါ်မှထပ်မံ၍ မြေဆွေးအပြည့်ထည့်လိုက်ပြီး ပျိုးပင်ကိုစိုက်ပျိုးပါ။

(၄) ပျိုးပင်(၂-ပေ)ခန့်ကြီးလာတဲ့အခါ အပင်ရင်းပတ်လည်ကို မီးဖိုကရတဲ့ပြာမှုန့်၊ မီးသွေးမှုန့်တွေကို အုံထားပေးပါ။နံနက်စောစောနှင့် နေဝင်ပြီးချိန်၌တစ်နေ့နှစ်ကြိမ် ရေမှန်မှန်လောင်းရပါမယ်။

မှတ်ချက်

အဝါရောင်အသားရှိတဲ့ သင်္ဘောသီးကိုအနီရောင်ဖြစ်စေချင်ရင်တော့ အောက်ခြေမှာဖြူးထားတဲ့ထုံးမှုန့်ကို မီးသွေးအမှုန့်နဲ့ဆတူရောစပ်ပြီးစိုက်ပါ။

Credit – thai agriculture magazine

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners