အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တောင် ဒီဂါထာရွတ်ရင် မနေနိုင်တော့ပဲ ဖြည့်ဆည်းပေးရတဲ့ ဂါထာ

အိမ်စောင့်နတ် ကိုယ်စောင့် နတ် မပြောနဲ့ သိကြား မင်းတောင် ဒီဂါထာရွတ်ရင် မနေနိုင်တော့ပဲ ဖြည့်ဆည်းပေးရတဲ့ ဂါထာ

သမ္ဗုဒ္ဓေ ဂါထာလေး အကြောင်းကို မသိသူတွေ အတွက် ဗဟုသုတအ ဖြစ်ပြော ချင်ပါတယ်။

သမ္ဗုဒ္ဓေဂါထာ တော်က ၂၇ ခေါက် ကျော်ရင် အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ် တောင်နေမရ တော့ပါဘူး၊ ပြိတ္တာကတော ဂါထာအစ ကြားတာနဲ့တင် တစ်ချိုးတည်း လစ်ပြေး ရပါတယ်၊

ကျောင်းထိုင် ပြိတ္တာ ကြီးတွေဆို အခြား ဂါထာတွေ ပရိတ် တွေရွတ်ရင် လိုက်ဆိုပြ နိုင်ပေမဲ့ သမ္ဗုဒ္ဓေ ဂါထာကို

စရွတ်တာနဲ့ လစ်ပြေးတာ ပါပဲ၊ ပြေးတဲ့နောက် ကလိုက်ရွတ် သူကိုယ်ရောင် ဖြောက်ပြီ မပြေးနိုင်ပါဘူး သမ္ဗုဒ္ဓေ ဂါထာတော်ကြီးကို တစ်နေ့ကိုအခါ တထောင် မက ရွတ်ရင် နတ်တွေ တိမ်ကြားမင်းတွေထက် တောင်မှ ဘုန်းကြီး လာနိုင်ပြီး စိတ်က

တောင့်တရင် သူတို့တွေ ကောင်းကောင်း နေမရ ပါဘူး၊ လိုက်ဖြည့်စည်း ပေးရပါတယ်။ သမ္ဗုဒ္ဓေဂါထာ တော်ဟာ နေမင်းကြီးနဲ့ တူပါတယ်။ သဲစုမက ဘုရားတွေ ရှိခိုးရ တာကြောင့် အရမ်း စွမ်း ထက်ကြောင် ဗဟုသုတနေနဲ့ တင်ပြလိုက်ပတယ်

(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။

(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။

(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေက အန္တရာယာပိ၊ ဝိနာသန္တု အသေသတော။

သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်

နှစ်ကျိပ် ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သော ဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်) တို့ကို ဦးခေါင်းဖြင့် ရိုသေစွာ ရှိခိုးပါ၏။

ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူ ဘုရားရှင် တို့ကား အဆုံးမရှိကုန်။ ထိုဘုရားရှင် များနှင့် ထိုဘု ရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။

ရှိခိုးရသည့် အာနုဘော်ကြောင့် ဘေးရန်ခပ် သိမ်းကို ရှောင်ရှား၍ အန္တရာယ် များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်း ပါစေသတည်း

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners