
မီးပူဖင်မှာ ဂျီးတွေတက်နေလား မပူပါနဲ့။ ပါရာစီတမော့ (၂) ပြား ရှိရင် လွယ်ကူပါတယ်ဗျ။
လက်တွေ့ လုပ်ကြည့်လိုက်ပါနော်။ ဂျီးတွေပေနေတဲ့ အပေါ် မှာ ဆေးပြားလေး တင်ထား၊ မီးပူကို အပူနည်းနည်းပဲထား၊ ခဏ
နေ အ ရည်ပျော်ကျကုန်ပြီး၊ တစ်ရှူးအကြမ်းလေးနဲ့ ပွတ်လိုက်ရင် မီးပူမှာ ကပ်နေတဲ့ ဂျီးတွေ အကုန်ပြောင်ကုန်တာပါပဲ။
အိမ်မှာ လက်တွေ့ စမ်းကြည့်နော်။ ကဲ မလွယ်ဘူးလား။
ဒယ်အိုးအောက်ခြေမှာ တက်နေတဲ့အိုးမဲတွေ ပြောင်ပြီး အသစ်လိုဖြစ်သွားစေမယ့်နည်း
လိုအပ်တဲ့ပစ္စည်းကတော့ ပျော့နေတဲ့ ခရမ်းချဉ်သီး သို့မဟုတ် ပုတ်ခါနီးခရမ်းချဉ်သီး
(ဈေးထဲမှာ ဆိုရင်အလကားတောင် တောင်းယူလို့ ရပါတယ်)
ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီး ၃-၄လုံးလောက်ကို ပါးပါးလှီးကာ အ၀ကျယ် ဒယ်အိုးထဲထည့် ရေသင့်ရုံထည့်ပြီး ဆူပွက်လာတဲ့အထိ ကျိုလိုက်ပါ။
အိုးမဲချွတ်လိုတဲ့ အိုးတွေခွက်တွေကို အဲဒီထဲ ထည့်ပြုတ်လိုက်ပါ။
၃မိနစ်ကနေ ၅မိနစ်ရှိပြီဆိုရင် ခါတိုင်းသုံးနေတဲ့ ဆပ်ပြာဆီနဲ့ ဖော့ကိုအသုံးပြုကာ ပွတ်ချလိုက်ပါ။
ဒယ်အိုးအောက်ခြေတွေ အသစ်လို ပြောင်လက်သွားမှာပဲဖြစ်ပါတယ်။ အရမ်းလည်းလွယ်ပြီး ကုန်ကျစရိတ်နည်းပါးတဲ့ နည်းပါ။
မယုံရင် အခုဘဲ သင် စမ်းကြည့်လိုက်စမ်းပါ။ သင်စိတ်ချမ်းသာစေမယ်လို့ ရဲရဲကြီး အာမခံပါတယ်။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners