အိမ်မှာမိသားစုနဲ့အတူတူလုပ်စားလို့ရအောင် ပုသိမ်ဟာလဝါပြုလုပ်နည်း

ပုသိမ်ဟာလဝါ ပြုလုပ်နည်း

ပုံမှန်က ကောက်ညှင်းပဲသုံးပါတယ်။ သူငယ်ချင်း ရဲ့အကြံပေး ချက်အရဆန်မှုန့်ရောကြည့်တာ အရင်ကထက်ပိုအဆင်ပြေတာတွေ့ရပါတယ်

ပါဝင်ပစ္စည်းများ
-ကောက်ညင်းဆန်မှုန့်၃ခွက်(ဆန်ချိန်ခွက်)

-ဆန်မှုန့်၁ခွက်
–အုန်းနို့၂ဗူး

-ကြံသကာ ၃၀ ဂရမ် (ဂရမ်မသိရင် ကြံသကာရည်ကျဲဖျော်ဟင်းချက်ဇွန်း၃ဇွန်း)

-သကြား ၄ဇွန်း(ဟင်းချက်ဇွန်း)
–ထောပတ် ၃ဇွန်း(ဟင်းချက်ဇွန်း)

-ဆီ၂ ဇွန်း(ဟင်းချက်ဇွန်း)
–ဆား ၁ဇွန်း(စားပွဲတင်)

-ဘိန်းစေ့
ကောက်ညင်းနဲ့ဆန်မှုန့်ကိုရောကာရေဖျော်လိုက်ပါ။ ပြီရင် ဆားရောပါ။

ထမင်းပေါင်းအိုးထဲကို ထဲ့ပြီး ထမင်းချက်သလို ရအေမှတ်၃မှာထားပြီး ချက်လိုက်ပါ။

( မွှေရတာ သက်သာအောင်)ကျတ်သွားရင် ခပ်ပျစ်ပျစ်လေးဖြစ်နေတာတွေ့ရပါမယ်။

အဲဒီအခါမှမုန့်ကျိုမဲ့အိုးထဲကို ပြောင်းထဲ့ကာ အုန်းနို့၊ သကြား ရောပါ။ပြီရင် ဆားရောပါ။

ခနမွှေပြီး ကြံသကာရေ လောင်းထဲ့ပါ။ မီးကိုအနေတော်ထားလို့ရပါတယ်။အဆက်မပြတ်မွှေပါ။

မိနစ် ၃၀ ၄၀ ကြားကျိုရင်းမှမုန့်ကျိုရေနီလာရင် ဘိန်းစေ့ များလောင်းထဲ့ကာဆီ၊ ထောပတ်ရောကာမွှေပါ။အဆက်မပြတ်မွှေပါ။

ဆီပြန်ကာပျစ်ခဲလာရင် ဟာလဝါရပါပြီ။မုန့်ဘန်းထဲ ထဲ့အအေးခံထားပါ။

ဒီနေ့ညအအေးခံရင် နောက်တရက်မနက်မှာ အနေတော်ခပ်ပျစ်ပျစ် ပုသိမ်ဟာလဝါ ကိုစားသုံးလို့ရပါပြီ။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners