နေ့စဉ် ထိုင်ထ လေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်ပေးပါက ရလာနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးများ

နေ့စဉ် ထိုင်ထ လေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်ပေးပါက ရလာနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးများ

ခန္ဓာကိုယ် ကျန်းမာဖို့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေဟာ အရေးကြီးသလို ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း တခုခု ပြုလုပ်ပေးဖို့ကလည်း အရေးကြီးပါတယ် ။

ထိုင်ထ လေ့ကျင့်ခန်း ဆိုတာ အင်မတန် ရိုးရှင်းသလို ဘယ်နေရာ ရောက်ရောက် လွယ်လွယ်ကူကူလည်း ပြုလုပ် နိုင်တာကြောင့် နေ့စဉ် ထိုင်ထ လေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်ပေးရုံ နဲ့ ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးတွေကို ဖော်ပြ ပေးလိုက်ပါ တယ် ။

( ၁ ) ကြွက်သားနဲ့ အရိုးအဆစ်တွေကို သန်မာစေတယ်

ထိုင်ထ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့ စေနိုင်ပြီး အရိုးအဆစ်တွေကို ကျန်းမာ သန် စွမ်းစေနိုင်တာကြောင့် အသက်အရွယ် ရလာတဲ့အခါ ဖြစ်တတ်တဲ့ အရိုးပွ ရောဂါ ၊ အရိုးပါး ရောဂါ နဲ့ ခြေထောက် သွေးကြောပိတ် တာမျိုးတွေကို ကြိုတင် ကာကွယ်ပေးနိုင်ပါတယ် ။

( ၂ ) သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ်

ထိုင်ထ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကို အထူးကောင်းမွန်စေနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်း ဇီဝကမ္မ ဖြစ်စဉ်ကိုလည်း မြင့်တက်စေနိုင်ပါတယ် ။

( ၃ ) အဆီပိုတွေကို လောင်ကျွမ်း စေနိုင်တယ်

အချိန်နေရာမ ရွေး ပြုလုပ်နိုင်တဲ့ ထိုင်ထ လေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်ပေးခြင်းဟာ ခန္ဓာကိုယ်တွင်းက ပိုလျှံနေတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပြီး ကြွက်သားတွေကို ကျစ်လျစ် သန်မာစေ နိုင်ပါတယ် ။

( ၄ ) ခါးနာခြင်း နဲ့ ဒူးနာခြင်းတွေကို သက်သာစေနိုင်တယ်

နေ့စဉ် ထိုင်ထ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးခြင်းဟာ အရိုးအဆစ်တွေကို ပိုမို ကောင်းမွန်စေတာကြောင့် မကြာခဏ ဒူးနာတတ်သူတွေ နဲ့ ခါးကိုက် ၊ ခါးနာ ဖြစ်သူတွေ ပုံမှန်ပြုလုပ် ပေးသင့်ပါတယ် ။

( ၅ ) လေးလံ ထိုင်းမှိုင်းမှုတွေကို ပြေ ပျောက်စေတယ်

ထိုင်ထ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်သွေးကြောတွေကို ပွင့်စေ နိုင်တာကြောင့် စိတ်ကြည်လင် လန်းဆန်းပြီး လေးလံ ထိုင်းမှိုင်းခြင်းတွေကို ပြေပျောက်စေနိုင်ပါတယ်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners