
ပါရာစီတမောလ် သောက်ရင် လိုက်နာသင့်တဲ့ အချက်များ
ပါရာစီတမောလ်ကို အမြဲသောက်သုံးလေ့ရှိတဲ့သူတစ်ယောက်အနေနဲ့ သိထားသင့်တာကတော့ ညွှန်ကြားထားတဲ့ ပမာဏထက် ကျော်လွန်ပြီး မသောက်သုံးရဘူးဆိုတာပါပဲ။
သာမန်အားဖြင့် ဈေးကွက်ထဲမှာရှိတဲ့ ပါရာစီတမောလ်တစ်လုံးမှာ ၅ဝဝ မီလီဂရမ် ရှိပါတယ်။
အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် အများဆုံး ပမာဏဟာ တစ်ခါသောက်လျှင် ၁ဝဝဝ မီလီဂရမ် (၂ – လုံး)ဖြစ်ပြီး တစ်နေ့တာလုံးအတွက် အများဆုံးသောက်သုံးနိုင်တဲ့
ပမာဏကတော့ စုစုပေါင်း ၄၀၀၀ မီလီဂရမ် (၈လုံး) ဖြစ်ပါတယ်။
ပါရာစီတမောလ် လွန်ကဲစွာ သောက်သုံးမိပါက အသက်အန္တရာယ်ကို ပြင်းထန်စွာ ထိခိုက်နိုင်တတ်ပါတယ်။
ပါရာစီတမောလ် သောက်သုံးမှုများလေလေ အသည်းကိုထိခိုက်မှု များလေလေဖြစ်ပါတယ်။
သင်ဟာ တစ်နေ့ကို အရက်ပါဝင်တဲ့ ဘီယာ ၃ လုံးထက် ပိုသောက်နေပြီး အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါရှိနေတဲ့သူဆိုရင် ပါရာစီတမောလ်မသောက်ခင်ဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။
သင်ဟာ ပါရာစီတမောလ်သောက်လို့ မရတဲ့သူ ဖြစ်နေနိုင်ပါတယ်။
ပါရာစီတမောလ် သောက်ထားပြီးရင်လည်း အခြား နှာစေး၊ ချောင်းဆိုးပျောက်ဆေး၊ အဖျားပျောက်ဆေးတွေကို ထပ်မံပြီး မသောက်သင့်ပါဘူး။
ဘာလို့လဲဆိုတော့ အချို့ဆေးတွေမှာ ပါရာစီတမောလ် ပါဝင်နေတဲ့အတွက် သတ်မှတ်ထားတဲ့ ပမာဏလွန်ကဲသွားမှာ စိုးလို့ဖြစ်ပါတယ်။
ပါရာစီတမောလ်သောက်ပြီးရင် အရက်သောက်ခြင်းကို ရှောင်ရှားပါ။
ကိုယ်ဝန်ဆောင်များ ပါရာစီတမောလ် သောက်သုံးမှုဟာ စိတ်ချလုံခြုံမှုရှိရဲ့ လားဆိုတာတော့ သေချာစွာ မသိရှိရသေးတဲ့အတွက် ဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။
ပါရာစီတမောလ်ဟာ မိခင်နို့ထဲကနေဖြတ်သန်းသွားနိုင်တဲ့အတွက် ကလေးငယ်များကို ထိခိုက်နိုင်လို့ပါ။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners