ကားတံခါး lock ဖွင့်မရဖြစ်တတ်ခြင်း ပြဿနာ အတွက်

နောက်တံခါး အတွင်း ကဖွင့်မရရင်

တံခါးလော့ ဖွင့်ထား သောလည်း တံခါး အတွင်းဘက် လက်ဆွဲကွင်း ကေန ဖွင့်လို့မရဘဲ အပြင် လက်ဆွဲကွင်းကနေ ဖွင့်မှရရင် အဖြစ်များဆုံးက ဒီ child lock ခလုတ်လေးကြောင့်ပါ။

အဲ့ဒါကေတာ့ကားလေးတွေရဲ့နောက်တံခါးအတွင်းဘက်မှာပါတဲ့ ကလေးလုံခြုံရေး (child lock )ခလုတ်လေး ပါဘဲ။

တခါတေလ ဒီခလုတ်လေးအား ကားရေဆေး သန့်ရှင်းရေးလုပ်ခြင်း ၊မတော်တဆထိမိသွားခြင်း ၊ကေလးများ ဆော့ခြင်း စသည်ဖြင့် သတိမထားမိဘဲ child lock on သွားတတ်ပါတယ်။

ဒီအခါမှာတော့ ပြသာနာ စပါပြီ။တံခါးlock မချထားလည်း တံခါးအတွင်း လက်ဆွဲကွင်း ကေန ဖွင်လို့မရေတာ့ ပါဘူး ။ အပြင်လက်ဆွဲကွင်းကနေ ဖွင့်မှရတတ်ပါတယ် ။

တချို့ဆို အပြင်ကဖွင့်ရတယ်။အတွင်းကဖွင့်မရလို့ မှန်ခွဲ ၊ အပြင် လက်ဆွဲကွင်း ကို လှမ်းဆွဲဖွင့် နဲ့ ဒုက္ခတွေ။

နောက်ဆုံး တံခါးပျက်နေ တယ်ဆိုပြီးဆိုင်သွားပြတဲ့လူတွေလည်းရှိပါတယ်။

ဒါကို ဆိုင်တချို့ ကလဲ ရှင်းမပြဘဲ ဟိုစမ်းဒီစမ်း လုပ်ရင်း လူအခြေနေကြည့်ပြီး ရိုက်ပါတော့တယ်။

(ကိုယ်လည်း အရင်က လုပ်ခဲ့ သလိုလိုဘဲ)

ဘယ်အချိန်တွေမှာ child lock on ထား သင့်သလဲဆိုရင် နောက်ခန်း၌ လူကြီးမပါဘဲ ကေလးများ ထိုင်စီးတဲ့အချိန် မှာ on ထားတာ အကောင်းဆုံးပါ။

(ကလေးတွေ တံခါးဂျက် ကို ဆွဲမိပီး တံခါးပွင့်မှာစိုးလို့ပါ)ခလုတ် တည်နေရာကတော့ ပုံထဲမှာပြထားတဲ့ နေရာမှာပါခင်ဗျာ။

ကားချစ်သူ