အိမ်တိုင်း အိမ်တိုင်း မရှိမဖြစ်ဆောင်ထားသင့်တဲ့ ဝံအူမြစ် ( အံ့သြစရာ ဆေးစွမ်းထက်လို့ )

(၁)ကျွန်တော်ကတော့ လက်ကျိုးတာဘယ်ဆေးခန်းမှလည်းမသွားပါဘူး။ ဝံအူအနီမြစ်နဲ့ပဲကျပ်စီးတါအခုတော့ ကောင်းပါပြီ။ စည်းတဲ့အချိန်နည်းနည်းပေါ့လိုက်လို့ဆက်တဲ့အချိန်အနိမ့်အမြင့်လေးတော့ဖြစ်တာပေါ့။

(၂)ဝံအူမြစ်ကအရိုးကျိုးအရိုးအက်ပြန်ဆက်တာမှန်တယ်ဒါပေမဲ့ဝေဒနာကိုကြည့်ပြီးချင့်ချိန်လိမ်းရစည်းရပါတယ်ပိုမိုပြောက်လိုဆောနဲ့လိုသည်ထက်ပိုမိုအသုံးပြုမိပါကအကြောသေတတ်တယ်သတိထားပြီးဆင်ဆင်ကျင်ကျင်အသုံး ပြုရပါမယ်

(၃)လက်တွေ့ပျောက်တာပါ။ ကနော်ကရွာကပါ၊ကောက်ရိုးလှည်းပေါ်က၂ပတ်၃ပတ်ဂျွန်းပြန်ကြပြီတော့လှည်းဘိန်းအောက်လက်ခင်းကျပြီးနင်းသွားတာကျိုးတယ်-တုတ်တယ်-ကွဲတယ်သုံးမျိုးလုံးဟာဝန်အူမြစ်ပြုတ်ရေနဲ့အမြစ်ပတ်တီးနဲ့ပဲလုံးဝအကောင်ဖြစ်သွားတာပါအကျန်းဘလမ်းလုံးဝခန်ပါတယ်တကယ်ဆေးစွမ်းကောင်းဆိုတာကျနော်လကါတွေ့ပါဗျအာမခန်ရဲတယ်။ ဖြစ်ချိန်ကတော့၁၄နှစ်ကပါအခုဆို၃၄ထဲရှိပါပြီဒီဆေးကိုဆေးဆရာကြီးများသိစေချင်ပါတယ်

(၄)အရိုးကျိုးတာအတွက် ဆေးကောင်းတစ်လက်ဖြစ်သလို မန်းအားကြီးတဲ့ သူများအတွက် ဓါတ်ဗူး ထဲမှာရေနွေးစိမ်ပြီး လ်ဘက်ခြောက် နဲ့ ဖေါက်သောက်သလိုမျ ု ိး အမြဲတမ်းစိမ်ပြီးသောက်ပေးနိုင်ရင် အလွန်ကောင်းတဲ့ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်ဗျား……

(၅)သွားကိုက်သွားနာလဲပျောက်ပါတယ်။အမြစ်ကိုဝါးပြီးကိုက်တဲ့သွားမှာဖိကပ်ထားတာ။ကျမအဖေသွားကိုက်ရင်သုံးနေကျပါ။

(၆)ဝံအူအားကိုး အရိုးကျိုး လို့အစဉ်အဆက် ပြောစကားရှိတယ်။ လက်တွေ့လဲသုံးလို့ အကျိုးရှိတာ အမှန်ပါ။

(၇)လေးဘက်နာထုံကျင်ခြင်းတွေလည်းအရမ်းကေါင်းပါတယ်ဝံအူမြစ်ကအဖြူးလည်း အနီလည်းကေါင်းနှစ်မျိုးသုံးလို့ရပါတယ်

(၈)ဝံအူကနှစ်မျိုးရှိသည်၊ဝံအူအဖြူနှင့်ဝံအူသွေးထွက်ပါ။ ဝံအူသွေးထွက်ကအပင်ကို ဓားနဲ့ခုတ်ရင်သွေးရောင်လို
ရဲနေပါတယ်..လက်တွေ့ဗျို့..အရမ်းကောင်း..

(၉)တောင်ပေါ်ဒေသတော်တော်များများမှာအလေ့ကျပေါက်တာများပါတယ်အရွက်၃ရွက်ပါပြီးနွယ်ပင်အမျိုးစားပါ နွယ်နဲ့အမြစ်ကိုခုတ်လျှင်သွေးကဲ့သို့အနီရောင်အစေးတွေထွက်ပါတယ်

(၁၀)လက်တွေ့လုပ်ဖူးပါတယ်၊ အခေါက်ကိုထုလိုက်ရင် အဖြူရောင်အစေးထွက်ပါတယ်၊အရိုးပြန်ဆက်တယ်။

(၁၁)တကယ်လက်တွေ့ပါမြန်မာဆေးကမမှားပါဘူးအထက်ပိုင်မှာရှိပါတယ်လွန်ခဲတဲကျွန်တော်တိုတူလေလက်ကြိုးတာဝံအူမြစ်ကိုထုပြီပတ်တီးနဲစီးပေးလိုက်တော့ပြောက်သွားပြီတပတ်လောက်တော့လုပ်ပေးရတယ်ခုဆိုတူလေ၄တန်ရောက်ပြီမယုံမရှိပါနဲ

(၁၂)ဝင်အူနွယ်ဖြစ်ပါတယ်။ဝင်အူနွယ်ကနှစ်မျိူးရှိပါတယ်၊ဝင်အူရိုးရိုးနဲ့သွေးထွက်ဝင်အူပါ။သွေးထွက်ဝင်အူကအနီရောင်အနီရောင်ကပိုထက်ပါတယ်။

(၁၃)အခေါက်ကိုခွာ နည်းနည်းပျော့အောင်ထု ပြီးအရိုးကျိုးလူနာများကျောက်ပတ်တီးစည်းသလိုစည်းပေ၁၅ရက်အတွင်းအရိုးဆက်တယ်

(၁၄)ဟုတ်တယ်ဗျ၊နော်နော်တို့ဆီမှာပေါ့ပ။ တောကိုထလို့။ သုံးတက်ရင်ဆီချိုအတွက်လဲကောင်းပါတယ်ဗျ၊ ဝံအူမြသ်ကိုပါးပါးစင်းပြီးအခြောက်လှန်းကျိုသောက်ရင်သိသိသာသာသက်သာလာပါတယ်ဗျာ။

(၁၅)ဝင်အူက အနီအဝါနှစ်မျိုးရှိပါတယ်၊အနီကဆေးစွမ်းပိုထက်ပါတယ်၊အရိုးကျိုးတာ အက်တာတွေကျောက်ပတ္တီးမလိုပါ၊ဝင်အူနဲ့ကြပ်စည်းတာနဲ့ပျောက်ပါတယ်၊မိမိမှာငယ်စဉ်ကဆော့လွန်း၍လက်အရိုးများမကြာခဏအက်ခဲ့ဖူးသလို၊လွန်ခဲ့တဲ့ငါးနှစ်လောက်ကလဲဆိုင်ကယ်မှောက်လို့ညာဘက်ညှပ်ရိုးသွင်သွင်ကျိုးခဲ့ရပါတယ်၊ဝင်အူမြစ်နဲ့သာကြပ်စည်းတာပါပဲ၊ဝင်အူကိုသွေးသောက်လို့လဲရပါတယ်၊ဆရာဝန်တွေကိုယ်တိုင်လက်ခံအသုံးပြုကြတာတွေ့ရပါတယ်၊သောက်မယ်ဆိုရင်တော့အင်္ဂလိပ်ဆေးတမျိုးမျိုးနဲ့၂၄နာရီအနည်းဆုံးခြားစေပြီးမှ သောက်ဖို့တိုက်တွန်းကြပါတယ်၊အရိုးအဆစ်ဟာဝင်အူကအကောင်းဆုံးဖြစ်တယ်လို့ပြောရမှာပါပဲ

(၁၆)ဆေးစွမ်းထက်တဲ့ ဝံအူမြစ်….ခါးနာရင်သွေးလိမ်းပါ….တင်တင်းလေးနဲ့.. နေလို့ကောင်း၏ အမြန်ပျောက်ကင်း၏။လက်ကျိုး ခြေကျိုး…အရိုးကျိုးခြင်းများကို…သွေးလိမ်းပြီးကြပ်စီးပေးပါက လျှင်မြန်စွာ..အရိုးပြန်ဆက်ပါသည်။ထိခိုက်ဒဏ်ရာအမျိုးမျိုးကို သွေးလိမ်းယုံဖြင့်လျှင်မြန်စွာ ပျောက်ကင်းပါသည်။သွေးထွက်လွန်သောထိခိုက်ဒဏ်ရာများ..သွေးလိမ်းယုံဖြင့် ချက်ခြင်းသွေးတိပ်ပါသည်။အချို့နေရာများတွင် သွေးတိပ်မြစ်…ဟုခေါ်ကြပါသည်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners