အရမ်းစားကောင်းတဲ့ ငါးဖယ်ဂေါ်ဖီပေါင်း လုပ်စားနည်း

အရမ်းစားကောင်းတဲ့ ငါးဖယ်ဂေါ်ဖီပေါင်း လုပ်စားနည်း

ငါးဖယ်ဂေါ်ဖီပေါင်းလေး လုပ်စားမယ်

ကယ်လိုရီမပို ငါးဖယ်ဂေါ်ဖီပေါင်းလေး လုပ်စားမလားဟေ့။

လိုအပ်သောပစ္စည်းများ

ငါးဖယ် (သို့မဟုတ်) ကြက်သား (နှစ်သက်ရာ)၊ ဂေါ်ဖီဥနီ၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ / နီ၊ ဂျင်း၊ ငရုပ်ကောင်း၊ ပဲငံပြာရည်၊ ဆား၊ ဟင်းခပ်မှုန့်

ပြုလုပ်နည်း-

ပထမဆုံး ငါးဖယ်ကို ကြက်သွန်ဖြူ / နီ၊ ဂျင်း၊ ငရုတ်သီး အနည်းငယ်နဲ့အတူ ဆား၊ ဟင်းခပ်မှုန့်ထည့်ပြီး ထောင်းပေးပါ။

ဥနီ၊ ကြက်သွန်မြိတ် နံနံပင်တို့ကို ပါးပါးလှီးထားပါ။ ဂေါ်ဖီတရွက်ချင်းစီကို ရေစင်အောင်ဆေးပါ။အရောင်စိမ်းစိမ်းလေး လိုချင်ရင်တော့ ရေနွေးထဲ ထည့်စိမ်ပြီး ပြန်ဆယ်ကာ ရေခဲရေထဲ ထည့်စိမ်လိုက်ပါ။

အဆာပလာများနဲ့ ထောင်းထားတဲ့ ငါးဖယ်ထဲကို ပါးပါးလှီးထားတဲ့ ဥနီ၊ ကြက်သွန်မြိတ် နံနံပင်များကိုပဲငံပြာရည်အနည်းငယ်၊ ငရုပ်ကောင်း၊ ဆား၊ ဟင်းခပ်မှုန့် ထည့်ပြီး ရောနှယ်လိုက်ပါ။

ဂေါ်ဖီရွက်ထဲကို ငါးဖယ်အဆာထည့်ပြီး လိပ်ပါ။ ပြီးရင်ပေါင်းအိုးနဲ့ ထည့်ပေါင်းလိုက်ပါ။

ပေါင်းတဲ့အခါ အဖုံးလုံအောင် ပိတ်ထားပေးရမှာပါ။

မိနစ်အနည်းငယ်ကြာရင်တော့ အာဟာရလဲရှိ ဝိတ်ချတဲ့သူတွေအတွက်လဲ သင့်တော်။

အရမ်းကို မိတဲ့ ငါးဖယ်ဂေါ်ဖီပေါင်း ဆွဲလို့ ရပြီပေါ့။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners