ခုပဲ ခင်းတယ်….သားရောက်လာတယ်…ဈေးဗန်း တဝက် ကုန်သွားတယ်

ခုပဲ ခင်းတယ်….သားရောက်လာတယ်…ဈေးဗန်း တဝက် ကုန်သွားတယ်

မိုးတွေက အရမ်းရွာနေချိန် နေ့လည် (၃)နာရီလောက်….

အမေအိုကြီးတယောက်….မိုးရွာထဲ ဈေးဗန်းလေး ခင်းနေရှာတာ…ကားပေါ်က တွေ့လိုက်မိ

အမေ…ဘာတွေ ရောင်းတုန်း ??.

အရုပ်လေးတွေ ကလစ်လေးတွေ ချည်ထိုးတဲ့ ချည်နဲ့အပ်လေးတွေပါ သား…

အရုပ်တွေက ဘယ်လိုရောင်းတုန်း? ?

အရုပ် – 7,000 Ks / 6,000 Ks / 5,000 Ks လေးတွေ ရှိတယ်

ကလစ် – 300 Ks / 500 Ks / 800 Ks / 1,000 Ks / 1,500 Ks ထိ ရှိပါတယ်….

ဟုတ်…သား အရုပ်လေးတွေ ယူမယ်လေ…

ဘာလေးတွေ ယူမလဲ သား? ?

ရွေးနေရင် ရွေးရခက်လို့ အကုန်ယူလိုက်မယ် ဗျာ 😁😁

ဟာ ဝမ်းသာလိုက်တာ သားရယ်….အမေ ပျော်လိုက်တာ…ခုလို အကုန် မရောင်းရဖူးဘူး…. ပျော်လိုက်တာ

ဟုတ်…ကလစ်တွေလဲ ယူမယ် နော် အမေ

ဟယ်….တကယ်လား သား…

တကယ်ပေါ့….သားရွေးမယ်နော်…

(ဈေးကြီးတာလေးတွေ ရွေးလိုက်တယ်)

Total 40,000 Ks ကျတယ်

ရော့ အမေ….50,000 Ks ယူလိုက်နော်…

ဟယ်… ခုပဲ ဈေးဗန်းခင်းတယ်….ခုပဲ ဈေးဗန်းထဲက ပစ္စည်းတဝက် ကုန်သွားတယ်….

ဈေးလဲ မဆစ်ဘူး….ပိုက်ဆံလဲ ပိုပေးတယ်

ကျေးဇူးတင်လိုက်တာ သားလေးရယ်….(ဆုတွေ တောင်းပေးရှာတယ်)

••• အော ကျနော့်တွက် အသုံးမလိုပေမဲ့ အမေအိုတွက် အပြုံးလေး ဖြစ်သွားစေတယ် ☺

ကိုပူတူးနှင့်ဘော်ဒါများ