ကိုယ်ခံအားတက်စေတဲ့ “မုန်လာဥကြက်စွပ်ပြုတ်”ပြုလုပ်နည်းလေး ခုလိုချိန်လုံးဝပြုတ်သောက်သင့်ပါတယ်

ကိုယ်ခံအားတက်စေတဲ့ “မုန်လာဥကြက်စွပ်ပြုတ်”ပြုလုပ်နည်းလေး ခုလိုချိန်လုံးဝပြုတ်သောက်သင့်ပါတယ်

အားလုံးကပ်ရောဂါဆိုးကြီးမှကြော်လွှားနိုင်ကြပါစေနော်

ကြက်စွပ်ပြုတ်လေးမှာ မုန်လာဥဖြူနဲ့မုန်လာဥနီကို အဓိကထည့်သုံးရခြင်းရဲ့ အကြောင်းအရင်းက သူတို့မှာ

ကိုယ်ခံအားကိုမြင့်တက်စေတဲ့ Vitamin များစွာ ပါ၀င်ပြီး အစာခြေအူလမ်းကြောင်း စနစ်ကို ကောင်းမွန်စေတဲ့ အမျှင်ဓာတ်တွေပါ ပါ၀င်နေလို့ဖြစ်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ် ကိုက်ခဲခြင်း နဲ့ နှာရည်ယိုနှာပိတ်ခြင်းများကိုပါ အထိုက်လျောက် သက်သာစေ အစွမ်းသတ္တိရှိတဲ့ ဂျင်း ၊

ကြက်သွန်ဖြူကိုပါ များများလေး ထည့်ချက်ပြီး လုပ်ထားတဲ့အတွက် အရမ်းကို အဆင်ပြေပြီး အာဟာရဖြစ်စေမဲ့ ကြက်စွပ်ပြုတ်လေးဖြစ်ပါတယ်။

ပါ၀င်ပစ္စည်းများ

အရေခွံမထူတဲ့ကြက်သား (ဗမာကြက်ဆို အကောင်းဆုံး)

(1)မုန်လာဥဖြူ

(2)မုန်လာဥနီ

(3)ဂျင်း

(4)ကြက်သွန်ဖြူ

(5)စပါးလင်

(6)ငြုပ်ကောင်းစေ့

(7)တရုတ်နံနံ (မကြိုက်ရင် မထည့်ပါနဲ့)ဆား လိုသလောက်ထည့်ပါ။

ကြက်သားကို ရေစင်အောင်ဆေးပြီး နှစ်ခြမ်းခွဲခွဲ.တုံးပဲတုံးတုံး ကြိုက်သလို စီမံပါ။

မုန်လာဥဖြူ ၊ မုန်လာဥနီကိုအခွံခွာပြီး ပုံထဲက အရွယ်လောက်လေးတွေ တုံးထားပါ။

ဂျင်းတက်တွေကို ပါးပါးလှီးမယ်။ကြက်သွန်ဖြူကို အခွံပဲခွာပြီး ဒီတိုင်း တစ်ဥချင်းစီပဲ ပစ်ထည့်ပါမယ်။

ကြက်သားတွေနဲ့အတူတူ ခပ်ကြာကြာလေး ပြုတ်မှာမို့နောက်ဆုံး သူ့အလိုလို ပျော့ပြဲသွားမှာမို့ ဓားပြားမရိုက်တော့တာပါ။

စပါးလင်ကို ထုပြီး ခုလို ချည်လိုက်မယ်။တရုတ်နံနံလေးတွေကိုတော့ နောက်ဆုံးမှ ကိုယ်ကြိုက်သလို လှီးဖြတ်ထည့်နိုင်ပါတယ်မထည့်လည်းရပါတယ်

အရင်ဦးဆုံးကြက်သားတွေကို ရေနွေးပွက်ပွက်ဆူထဲ ၂ မိနစ်လောက်ထည့်ပြုတ်ပြီး အဲ့ပြုတ်ရည်တွေကို သွန်ပစ်ပါမယ်။

ဒါဆို ကြက်သားရဲ့ အပေါ်ယံက မကောင်းတာတွေကော
အညှီနံ့တွေပါ ပြုတ်ရည်ထဲ ပါသွားပါလိမ့်မယ်။

နောက်မှ ရေသန့်အသစ်ထပ်ထည့်ပြီး ဆားလိုသလောက်ရယ် ၊ ခုနက ၂ မိနစ်ပြုတ်ထားတဲ့ ကြက်သားရယ်…ဂျင်း ၊

ကြက်သွန်ဖြူ ၊ စပါးလင် ၊ ငြုပ်ကောင်းလုံးလေးတွေကို ထည့်ပြီး ပြန်တည်ပေးပါ။

မိနစ်သုံးဆယ်လောက်ပြုတ်ထားပြီးပြီဆိုရင် မုန်လာဥအနီနဲ့အဖြူကိုတစ်ဆက်တည်းထည့်လိုက်ပါမယ်။

ပြီးရင် မုန်လာဥနီရော မုန်လာဥဖြူရော နူးပြီး သူတို့ရဲ့ အချိုဓာတ်တွေ ကြက်ပြုတ်ရည်ထဲ ထွက်လာအောင်အထိ နောက်ထပ် ၁၅ မိနစ်လောက် ဆက်ပြုတ်ပေးရပါမယ်.။

ဒီနေရာမှာအပေါ့အငန်မြည်းပြီး ဆားလိုရင် လိုသလောက် ထပ်ထည့်နိုင်ပါတယ်။

မှတ်ချက်။ ။ အချိုမှုန့်လုံး၀ သုံးစရာမလိုပါ။ မုန်လာဥတွေထဲက ထွက်လာတဲ့ အချိုဓာတ်တွေက ပြုတ်ရည်ကို အင်မတန်အရသာရှိစေပြီးတာ ဖြစ်လို့ပါနော်။

ကဲ ကြက်သားလည်း နူးပြီး.မုန်လာဥတွေလည်း နူးပြီ.ပြုတ်ရည်ကလည်း အင်မတန်မှ မွှေးကြိုင်ပြီး အရသာရှိလာပြီဆိုရတော့

အပေါ်ကနေ တရုတ်နံနံလေးဖြူးပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်နော်

ကြက်သားတွေရော မုန်လာဥတွေရောက တစ်အားကို နူးနေတာမို့ အစာကြေလွယ်ပြီး ပြုတ်ရည်လေးကလည်း အာဟာရရှိလှတာမို့

နေမကောင်းဖြစ်တိုင်း လုပ်သောက်ဖို့ မမေ့ကြနဲ့နော်။Credit – Phyu Hnin Pwint

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners