နေ့စဉ် ရေနွေးကြမ်းတစ်ခွက်တွင် ချင်းပါးပါးလှီး တစ်ဖတ်နှစ်ဖတ်နဲ့ ဆားပွင့်လေးပါ လက်တစ်ဖျစ်ခန့်ထည့်သောက်ပါ

နေ့စဉ် ရေနွေးကြမ်းတစ်ခွက်တွင် ချင်းပါးပါးလှီး တစ်ဖတ်နှစ်ဖတ်နဲ့ ဆားပွင့်လေးပါ လက်တစ်ဖျစ်ခန့်ထည့်သောက်ပါချင်းထည့်ပါ…

နေ့စဉ် ရေနွေးကြမ်းတစ်ခွက်တွင် ချင်းပါးပါးလှီး တစ်ဖတ်နှစ်ဖတ်ထည့်သောက်ပါ…

ဆားပွင့်လေးပါ လက်တစ်ဖျစ်ခန့်ထည့်သောက်လျှင်ပိုကောင်းပါသည်..

ချင်းသည်တော်ရုံအာနိသင်ရှိသည်မဟုတ် ပိုးကိုပင်သေစေနိုင်သောသတ္တိရှိသည်…

အာယုဗေဒဆေးကျမ်းများအဆိုအရ အစပ်သုံးပါးတိကဋုတ်သုံးပါးတွင်အပါအဝင်ဖြစ်သည်…

ထိုသုံးပါးသည် လူတို့စားသောအစာကိုကြေစေရုံမက ကိုယ်ခံအားကိုပါဖြစ်စေတတ်သည်…

ကိုယ်ခံအားကောင်းသောသူတွင် တော်ရုံရောဂါပိုးများမကပ်ငြိနိုင်ပေ…ပိုးသည်ကိုယ်ခံအားမကောင်းသောအိမ်တွင်သာ ပေါက်ပွားနိုင်ပေသည်…

အစာမကြေသောသူတွင်သာ ရောဂါရောက်နိုင်သည်ဟု ဆေးကျမ်းများကဆိုသည်.. ရောဂါမူလံ အဇိဏ္ဏကံ ဟုဆိုသည်…

အဇီဏ္ဏ ဆိုသည်မှာ အစာမကြေရောဂါဖြစ်သည်…

ချင်းသည် အစာကြေစေသောအရာဖြစ်သဖြင့် ဟင်းချက်သောအခါတိုင်းချင်းထည့်ချက်လေ့ရှိကြသည်…

ဥတုဘောဇန သင်္ဂဟကျမ်းတွင်အစပ်ရသ..အစပ်သည်ပူ၏..ထက်၏.. မစေးထန်းသွက်၏.. လေသည်းခြေကိုပျက်စေတတ်၏…

သလိပ်ကိုနိုင်၏.. ကြေလွယ်၏..ဝမ်းမီးတောက်၏.. ပိုးနာ၊ယားနာ၊အဆိပ်သင့်သောအနာကိုနိုင်၏ ဟုဆိုထားလေသည်..

အစပ်သုံးပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော ချင်းကို တစ်နေ့လျှင် လက်ညှိုးနှစ်ဆစ်ခန့် စားသုံးပေးပါ…သင့်အတွက် ကိုယ်ခံအားကိုဖြစ်စေရုံမက၊

အစာမကြေရောဂါအဇိဏ္ဏကိုပါ ကာကွယ်နိုင်ကြောင်း တင်ပြလိုပါသည်…

ရာသီပေါ်ရောဂါဘေး။ ကပ်ရောဂါဘေးများမှကင်းဝေးကြပါစေ…

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners