အရသာရှိတဲ့ မြန်မာ့ရိုးရာ မုန့်ပြားသလက် အိမ်မှာ ပြုလုပ်နည်း

အရသာရှိတဲ့ မြန်မာ့ရိုးရာ မုန့်ပြားသလက် အိမ်မှာ ပြုလုပ်နည်း

ကျမရဲ့ အမေနဲ့အဖေ၏အကြိုက်ဆုံး မြန်မာမုန့်။ အခုလေးတင်ဘဲ လုပ်ပြီးတာ။စားကြပါအုံး။ မုန့်လုပ်နည်းလည်း ရှယ်လိုက်တယ်နော်။

ပါဝင်ပစ္စည်းများ

ဆန်မှုန့် – ၅ ခွက်

တစေး (YEAST) – ၂ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)

ဆား – ၁ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)

ရေ – ၆ ခွက်

နံနံပင် – ၁ ခွက်(ပါးပါးလှီး)

ကြက်သွန်မြိတ် – ၁ ခွက်(ပါးပါးလှီး)

ပဲပြုတ် – ၂ ခွက်

ဆီ

ပြုလုပ်နည်း

၁. ဆန်မှုန့်၊ ဆား ၊ YEAST နှင့် ရေ တို့ကို နှံ့အောင်နယ်ရျ် အရည်ဖျော်ပြီး ရေခဲသေတ္တာထဲတွင် တညထားပါ ။ (မနက် စားရန် အတွက် မုန့်နှစ် ညကတဲက ဖျော်ထားမှကောင်းပါသည် ။

ညနေခင်း စားမည်ဆိုလျင်လည်း မနက် အစောပိုင်းမှ မုန့်နှစ်ကို ဖျော်ထားရပါမည် ။)

၂. မကပ်သော ဒယ်အိုးအသေးကို ဆီအနည်းငယ်သုပ်ပြီး မီးအပူပေးပါ။ မီးဖို၏ မီးက အရေးကြီးပါသည်။ မပူလွန်း သောမီး ၊ မီးကို အနေတော်သာထားရျ် မုန့်လုပ်ပါ။

၃. အိုးပူလာလျှင် မုန့်နှစ်ကို ထမင်းခပ်ဇွန်းကြီး ၁ ဇွန်းခွဲခန့်ထည့်ပါ ။

၄. မုန့်နှစ်ထဲ့ ပြီးလျှင် ပဲပြုတ် ၊ နံနံပင် နှင့် ကြက်သွန်မြိတ်ကို ဖြူး ထည့်ပါ။ပြီးလျင် ဒယ်အိုးကို အိုးအဖုံး အပေါ် အုပ်ပြီး ၂ မိနစ်ခန့်ထားပါ။

၅. ဒယ်အိုးကို မကြာခဏ ဆီသုတ်တံလေး နှင့် မုန့်မထည့်မည် သုတ်သုတ်ပေးပါ။မုန့်နှစ်မကပ်စေရန် နှင့် မုန့်ကို အိုးထဲမှ အလွယ်တကူဆည်ယူနိုင်ရန် အတွက်ဖြစ်ပါသည် ။

၆. မုန့်ပျားသလက်ကို နှမ်းဆားထောင်း ၊ ဆီနှင့်ဆားတို့နှင့် တွဲရျ်စားလေ့ရှိပါသည်။

အင်မတန်မှလွယ်ကူပြီး အိမ်တွင်လုပ်လျှင် ဆီသန့်သန့်နှင့်စားရပါတယ်။

Credit: WinWin KT

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners