မြန်မာ့တိုင်းရင်းဆေးမြီးတို(၃၁)နည်း (မသိသေးရင်ဖတ်ပြီးရှယ်ထားလိုက်ပါ)

မြန်မာ့တိုင်းရင်းဆေးမြီးတို(၃၁)နည်း (မသိသေးရင်ဖတ်ပြီးရှယ်ထားလိုက်ပါ)

၁ ။ ချောင်းဆိုးလျှင်….ခရေပွင့်ကိုတညလုံးရေစိမ်၊ နံနက်တွင်း ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ ။

၂ ။ ရင်ပြည့်ရင်ကယ် ..ကြက်ဟင်းခါးသက်စောင့်ဆေးကို နှမ်းဆီ –ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှအသာအယာသပ်ချပါ ။

၃။ နှာပိတ်သော်…..ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှနှာခေါင်းအထိဆေးအရည်နှင့်ဆွဲပေးပါ ။

၄။ တက်လျှင်….ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် ။

၅။ရေငတ်ဝမ်းကျ …..ဆီးသီးအစေ့အတွင်းမှအဆန်းကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ ။

၆။ ကင်းထိုးသော်…….ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ ။

၇။ ကြို့ထိုးလျှင်……ကြက်သွန်းနီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။

၈ ။ခရုသင်း…..ကျည်းသီးဆန်ကိုဆန်ဆေးရည်နှင့်တွဲစပ်၍ ရက်ပေါင်းများစွာစားရပါသည် ။

၉ ။ခြေတုန်လက်တုန်ဖြစ်လျှင်….ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏ ။

၁၀ ။ ခါးနာ ခါးကိုက်……ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ ။

၁၁ ။ ငှက်ဖျားထလျှင် …..မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ။ခံတွင်းပျက်လျှင်…..ကြိတ်မှန်ရွက်ယိုထိုးစားပေးပါ ။

၁၂ ။ခေါင်းတခြမ်းကိုက်လျှင်…….ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ ။စကားထစ်လျှင်. . နံနက်တိုင်းမြင်းခွာရွက် တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။

၁၃ ။ စအိုယားနာ….ကြိတ်မှန်ရွက် အရည်ညှစ်၍စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊ ဝမ်းတွင်းရှိ ပိုးများကျဆင်းလာပါလိပ်မည် ။

၁၄ ။ ဆီးချုပ်လျှင် ငုပင်၏ အနှစ်ကိုသွေး၍ ချက်အောက်မကြာခဏလိမ်းပေးပါ။

၁၅ ။ ဆီးတစက်စက်ကျလျှင်…ကြက်သွန်နီကိုပြုပ်၍ အရည်ကိုသောက်ပေးပါ ။

၁၆ ။ ဆီးချုပ်လျှင် ……ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ။

၁၇ ။ ဆီးအောင့်ကျောက်တည်လျှင်……ကြာဟင်းရွက်ကိုနွားနို့ နှင့်သကြားရော၍ နေ့စဉ်စားပေးပါ ။

၁၈ ။ ဆီးချိုဖြစ်လျှင် ….ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ ။

၁၉ ။ ဆီးအနှစ်ကျလျှင်…..သငေ်္ဘာ ရွက် သုံးရွက်ကိုထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊ သုံးခွက်တစ်ခွက်တင်ကျို၊ တနေ့လုံးသောက်ပေးပါ ။

၂၀ ။ ဆီးပူလျှင်…..ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ်။

၂၁ ။ဆံပင်ပြန်ပေါက်ဆေး……သံပုရာစေ့ကိုရေနှင့်ကြိတ် ၊ နေ့စဉ်ဆံပင်ကိုလိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏

၂၂ ။ တင်းတိပ်….နနွင်းနှင့် ငဖြူကြီးအစေးကိုသွေးလိမ်းပေးပါ ။

၂၃ ။ ဓာတ်ချုပ်လျှင် ……ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍ တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ ။

၂၄ ။ နားကိုက်လျှင်…..ကြက်သွန်နီကိုမီးဖုတ် ၊ အရည်နွေးနွေးနားထဲထည့် နားကိုက်ခြင်းပျောက်၏ ။

၂၅ ။ နားအူ နားလေထွက်လျှင်….သဘော်ရွက် မီးအုံး၍ အတို့အမြှုပ်လုပ်စားပေးပါ ။

၂၆ ။ နားပြည်ယိုလျှင်….ကျီးအာသီးကြိတ်ဖတ်ကို အုန်းဆီနှင့်ရော၍ကြက်တောင်နှင့်ကျပ်ပေးပါ ။

၂၇ ။နားအတွင်းပိုးကောင်ဝင်လျှင်….ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးခံ မုန်ညင်းဆီနှင့်နားကိုကျပ်ပေးပါ ။

၂၈ ။ နို့ကြောင်းပိတ်လျှင်….ကြိတ်မှန်ရွက်ကို ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ ။

၂၉ ။ နို့လှိုင်လှိုင်ထွက်ဆေး……စမြိတ်စေ့ကို လှော်၍စားလျင်နို့ထွက်ကောင်း၏

၃၀ ။နှလုံးရောဂါဖြစ်လျှင်.. ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊ အပွင့်ကိုရှူ ၊အသီးကို စားပေးပါ အမြစ်ပြတ်ပျောက်၏ ။နှာခေါင်းသွေးလျှံလျှင်……ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ ။

၃၁ ။ နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင်. … ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ ။

ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူယူမျှဝေသည်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners