အိမ်တွင်ဖြစ်စေ အလုပ်တွင်ဖြစ်စေ လွယ်လွယ်ကူကူပါပဲ။ လိုအပ်တာကတော့ ရေသန့်ဗူးခွံတလုံး/ ဖန်ပုလင်းခွံ တလုံးပါ။

(အိမ်တွင်ဖြစ်စေ/ အလုပ်တွင်ဖြစ်စေ)

လွယ်လွယ်ကူကူပါပဲ။ လိုအပ်တာကတော့ ရေသန့်ဗူးခွံတလုံး/ ဖန်ပုလင်းခွံ တလုံးပါ။

အပူပဲဖြစ်ဖြစ်၊ အအေးပဲဖြစ်ဖြစ် နှစ်ခုလုံးသည် ခြေဖဝါး အရွတ်ယောင်သူများအတွက် အကျိုးထူးပါတယ်

အအေးကို အသုံးပြုမယ်ဆိုရင် ရေသန့်ဗူးခွံကို ရေအပြည့် ဖြည့်ပြီး ရေခဲသေတ္တာထဲမှာ ခဲသည်အထိ ထားပါ။ ပြီးမှ ပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးအောက်မှာ လှိမ့်ပေးနေဖို့ပါပဲ။

အအေးဓာတ်က အရွတ်ယောင်တဲ့ ဓာတ်တွေကို လျော့ပါးစေတာမို့ နာကျင်ခြင်း၊ ယောင်ယမ်းခြင်းကို လျော့စေမှာ ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ အပူဓာတ်ကို ပို နှစ်သက်တယ်ဆိုရင်တော့ ဖန်ပုလင်း အလွတ်ထဲ ရေနွေးနွေး ထည့်ပြီး ခြေဖဝါးအောက်မှာ လှိမ့်ပေးရမှာဖြစ်ပါတယ်။

အပူဓာတ်က သွေးကြောတွေကို ကျယ်စေတဲ့အတွက် အယောင်ဓာတ်တွေ သွေးကြောထဲ စိမ့်ဝင်သွားပြီး နာကျင်မှုနဲ့ ဝေးရာသို့ အယောင်ဓာတ်များ ရောက်ရှိသွားမှာဖြစ်ပါတယ်။

တခုမှတ်ထားသင့်တာက အခုပူလိုက် အခုအေးလိုက်တော့ မလုပ်သင့်ပါဘူး။ အပူသုံးမလား/ အအေးသုံးမလား။ သင် တစ်ခုခုကို ရွေးချယ်ရမှာဖြစ်ပါတယ်။

မှတ်ချက်- Gout ဂေါက်ရောဂါ ရှိသောသူများ(uric acid ) များသောသူများ ကတော့ ဆရာဝန် ညွှန်ကြားချက်မပါဘဲ အပူကို မသုံးသင့်ပါဘူး။

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ

Credit-အကြောအဆစ် ဒေါက်တာ