
ချစ်စရာကောင်းအောင် စကားပြောနည်း
ရုပ်လေးပဲချစ်ဖို့ကောင်းနေလို့မပြီးပါဘူးစကားပြောဆိုရာတွင်လည်း ချစ်စရာကောင်းအောင်ပြောတတ်ရပါတယ်။
ယောက်ကျားများအသုံးပြုမည်ဆိုပါက တစ်ချို့နည်းများကိုသာအသုံးချရန် (အကုန်သုံးရင် Gay သွားနိုင်)
1.နော်
စကားပြောဆိုရာတွင် နော် ဟုထည့်သွင်းပြောဆိုခြင်းကစကားကိုနူးညံ့သွားစေပါတယ်။
ခိုင်းစေသည့်အရာများ/ပူဆာသည့်အရာများတွင် နော်ဟုအသုံးပြုခြင်းကသင့်တော်ပါတယ်။(ကိုကိုနော် / ကလေးကလည်းနော်) ဟုချွဲနိုင်
2.ဗျာ / ရှင်သုံးပါ
ကျွန်တော်ချောပါတယ်ဟုပြောမည့်အစား/ ကျွန်တော်ချောပါတယ်ဗျာဟု ပြောခြင်းက ပိုချစ်စရာကောင်းပါသည်။
3.လေးဟုသုံးပါ..
လူတစ်ယောက်ရဲ့ နာမည် အပြည့်အစုံ ခေါ်မယ့်အစား ကျော်ကြီးလေးဟု ခေါ်လိုက်ခြင်းက ကြားရသူအဖို့ရင်ခုန်နှုန်းပါမြင့်မားစေပါတယ်။
ရိုင်းစိုင်းစွာဆဲရင်တောင် လေး ဟုထည့်ဆဲခြင်းကချစ်စရာကောင်းစေပါတယ်။ (e.g-နင့်ဂျီးတော်လေး)
4.လက်ကိုင်စကားပြောခြင်း
နားထောင်နေသူရဲ့လက်လေးကိုကိုင်ထားပြီးစကားပြောပါ။
ဒီနည်းလေးကိုတော့ ကိုယ်ချစ်ရတယ့်သူတွေနဲ့စကားပြောတယ့်အခါမှာသုံးပါ။ အားပေးစကားပြောတယ့်အခါမျိုးတွင်အသုံးပြုခြင်းကပိုသင့်တော်ပါတယ်။
(ရည်းစားစကားပြောသည့်အခါများတွင်အခြေအနေကြည့်လက်ကိုင်၍ပြောနိုင်)
5.ဟုတ်+ခေါင်းညိမ့်.
ဟုတ်တစ်လုံးထဲပြောမည့်အစား ခေါင်းလေးညိမ့်ကာဟုတ်ဟုပြောခြင်းကပို၍ချစ်စရာကောင်းစေပါတယ်။
ဟုတ်ကဲ့ပါ ဟုသုံခြင်းကပိုကောင်းပါတယ်။(အဖြေပေးသည့်အခါများတွင်လည်းချစ်တယ်ဟုပြောပြီးခေါင်းလေးညိမ့်ပြတာပိုပြီးရင်ခုန်ရပါတယ်။)
ဒီ 5 ချက်လောက်သိပြီဆိုလျှင် စကားပြောလိုက်တာနဲ့သင့်ကိုချစ်သွားစေမှာဖြစ်ပါတယ်။
ချီးကျူးခြင်းများကိုလည်းရရှိနိုင်သလို လိုချင်တာများကိုလည်းပူဆာနိုင်ပါတယ်။
စာဖတ်သူလေးများအားလုံးကိုကျေးဇူးတင်ပါတယ်..
ကိုယ်စကားပြောတယ့်အခါ ဒီ 5 ချက်ထဲက တစ်ချက်မှမပါရင်တော်တော်ကြမ်းနေပါပြီ။..?
ချစ်စရာကောင်းအောင်တစ်ခွန်းလောက်အစမ်းပြောကြည့်ခဲ့ပါ..
Credit #zackvlogs
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners