နွားနှစ်ကောင်ကို သိန်း(၃၀) ပေးဝယ်တာတောင် မရောင်းခဲ့တဲ့ နွားပိုင်ရှင်များ

သိန်း ၃၀ ပေးဝယ်တာတောင် မရောင်းဘဲ ဘေးမဲ့ ပေးသွားတဲ့ နွားပိုင်ရှင်များမြတ်သောစေတနာကိုသာဓုခေါ်ပေးကြပါလား

ဓမ္မမိတ်ဆွေများတို့ရှင်ဒီနွား ၂ ကောင်ကို သိန်း ၃၀ ပေးဝယ်တာတောင် မရောင်းဘဲ၁၃ ရက်နေ့က

လှည်းကူး သစ်နီပင်စေတနာရွာတွင် ရှိသောသန်လျင် သဘာဝ တရားရိပ်သာဆရာတော်ကြီးရဲ့ ဘေးမဲ့မြေတွင်

အရှင်ပညာသီရိ ဦးဆောင်ပြီးကယ်တင်ထားသော မုဒိတာပုံရိပ် တရားရိပ်သာဘေးမဲ့ဂေဟာသို့လာရောက်ပြီး

ထိုနွားနှစ်ကောင်အား ဘေးမဲ့ပေးသွားတဲ့ နွားပိုင်ရှင် များဖြစ်ပါတယ်။

အသုံးမပြုတော့တဲ့သူတို့ကလေးတွေကို များပြားလှတဲ့အသာပြာကိုတောင်မမက်မောဘဲ

အကြင်နာတရားထားကာစာနာပေးသော သခင်များနှင့် တွေ့ဆုံရတာ နွားလေးနှစ်ကောင်ရဲ့ ကုသိုလ်ကံပါဘဲ။

ဘေးမဲ့ပွဲနေ့ကျရင်လဲ သူတို့ကလေးတွေပါ ဘေးမဲ့ပွဲထဲထည့်ပေးဖို့။သူတို့လဲလာကြည့်ပါရစေလို့ ပြောသွားရှာတယ်

မွန်မြတ်လှတဲ့စိတ်ထားပိုင်ရှင်များဤကောင်းကျိုးအားဘဝပေါင်းများစွာခံစားရပါစေ။

ဤကံကောင်းလှသော နွားလေးနှစ်ကောင်လဲ ဘေးမဲ့တောမှာသက်တမ်းစေ့အေးချမ်းပါစေ

ဒီအကြောင်းလေးအကျိုးဆောင်ဦးလေး လှမ်းပြောပြတော့ အရမ်းပီတိဖြစ်သွားလို့သူငယ်ချင်းတွေလဲပီတိဖြစ်ရအောင် post တင်ပေးလိုက်ပါတယ်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners