တစ်ဧကစိုက်တာနဲ့ သိန်းထောင်ချီ ပြန်ရသော လီလီပန်း စိုက်ပျိုးနည်း

တစ်ဧကစိုက်တာနဲ့ သိန်းထောင်ချီ ပြန်ရသော လီလီပန်း စိုက်ပျိုးနည်း

ဘုရားပဲတင်တင် အလှပဲထိုးထိုလီလီပန်းလေးနဲ့မှ ကုသိုလ်ပိုရသည်၊ကျက်သရေရှိသည်၊အလှထူးသည် ထင်ကြသည်။

မင်္ဂလာအခမ်းအနား များပင်ဖြစ်စေ၊ အမှတ်တရလက်ဆောင်ပန်းစည်း၊ပန်းခြင်း အတွက်ဖြစ်စေလီလီပန်းဖြင့် အလှဆင်မည်ဆိုပါက တခြားသော ပန်းများထက်ဈေးပိုပေးကြရသည်။

ပေးရသည့်တန်ဖိုးနဲ့ လျော်ညီအောင်ပင်လီလီပန်းကကြာရှည်ခံသည်တင့်တင့်တယ်တယ်ထူးထူးခြားခြား လှပသည့်အရည်အသွေးများကိုပိုင်ဆိုင်ထားသည်။

ဤသို့ ထူးခြားလှပပြီး ဈေးကြီးသည့်လီလီပန်းကို မိမိတို့အိမ်တွင်တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ကြောင်း ဖော်ပြပေးလိုက်ပါသည်။

လီလီပန်းသည် သဇင်ပန်းများကဲ့သို့ပင်ဥမှပေါက်သည့် အပင်တစ်မျိုးဖြစ်သည်။စတင်စိုက်ပျိုးရန်အတွက် ဥ ဖြင့်ပင်အပင်ကိုပျိုးရပါသည်။ပျိုးဥနုလျှင် အပင်မအောင်ပါ။

ပျိုးဥအရင့်များကို ရွေးချယ်စိုက်ပျိုးဖို့ အဓိကလိုပါတယ်။စတင်စိုက်ပျိုးပြီး ၅လအတွင်းအပွင့်ပွင့်ပြီးနောက်ထပ် ပျိုး ဥ ၅ ခုခန့် အပင်အောက်တွင်အမြစ်တွယ်ပြီးသားဖြစ်နေပါသည်။

နေရာဒေသမရွေးစိုက်ပျိုးနိုင်ပါသည်။အလင်းရောင်ကို နှစ်သက်သည်။နေရာကောင်းရဖို့လိုသည်။လောင်းရိပ် ကျလွန်းပါကကောင်းစွာကြီး ထွားမှု မရှိပါ။

အထူးသဖြင့် နံနက်နေရောင် ကောင်းစွာရဖို့ လိုပါသည်။ရေဝပ်ဒဏ်ခံနိုင်ခြင်း မရှိပါ။ပန်းအိုးဖြင့်လည်းစိုက်ပျိုးလို့ ရပါသည်။

မြေဘောင်လုပ်၍ စိုက်ပျိုးပါကမြေကို နွားချေးများများနဲ့ နှပ်ထားပါ။ဘောင်ဖြင့် စိုက်မည်ဆိုပါက အကျယ် ၃ပေပြုလုပ်ပါ။

ပေါင်းမြတ်များ ရှင်းလင်းရလွယ်ကူရန်ဖြစ်ပါတယ်။တစ်ပင်နှင့်တစ်ပင် ၉ လက်မပတ်လည် စိုက်ပျိုးပါ။အပင်ထွက်လာပြီး ရက် ၂၀ တစ်လသားအရွယ်တွင်ပေါင်းလိုက်၍အစာကျွေးပါ။

မြေစေးလျှင် သဲနှုန်းမြေ။မြေဆွေး။နွားချေး(သို့) ကြက်ချေး မြေသြဇာ 50:30:20 အချိုးရောစပ်ပြီး စိုက်ပျိုးပါ။မြေဘောင်ကို ကြိုတင်ပြင်ဆင်ပြီးတစ်လကျော်မှသာစိုက်ပျိုးပါ။

အကောင်းဆုံးနည်းမှာ လီလီပန်းမျိုးဥနှင့် ဓါတ်မြေသြဇာ။နွားချေးမြေ ဆွေးတို့နှင့် တိုက်ရိုက်ထိတွေ့၍မရပါ။မျိုးဥ ပျက်စီးနိုင်ပါသည်။

ဥမှ ထွက်လာသော အမြစ်များနှင့်သာမြေသြဇာများထိတွေ့ရန် လိုအပ်ပါသည်။မှိုသတ်ဆေး အပင်အားဆေးပိုးသတ်ဆေးများကိုလိုအပ်သလို ပက်ဖြန်းနိုင်ပါသည်။

အပူချိန်များလျှင် အပူကာပြုလုပ်ပေးလျှင် ပိုကောင်း ပါသည်။အမှန်တကယ် ပြုစုပေးလျှင် တစ်ဧက သိန်းထောင်ဂဏန်း ရရှိမယ့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါသည်။

အပွင့်ပွင့်လာပါက ရိုးတံအပါခူးပြီးအပင်များကို ဒီအတိုင်းထားပါ။မျိုးဥရယူရန် ဖြစ်ပါတယ်။ မျိုးဥအရင့်များကို တူးယူနိုင်ပါတယ်။အပင် တစ်ပင်လျှင် မျိုးဥ ၅ ဥ ခန့် ပြန်လည်ရရှိပါတယ်။

တူးယူထားသည့် မျိုးဥများကို အရိပ်ထဲတွင် ၃ ရက်ခန့် အခြောက်ခံပြီး ကပ်နေသည့်မြေကြီးများကိုဖယ်ရှားလိုက်ပါ။ထို့နောက် ချက်ချင်းစိုက်ပါ။သို့မှ သာအပင်ပေါက်အား ကောင်းမှာ ဖြစ်သည်။

မျိုးဥများကို ဝယ်ယူနိုင်ပါသည် မျိုးဥတစ်ဥလျှင် ၁၀၀ ကျပ်နှုန်းဖြစ်ပါသည်။ ပြင်ဦးလွင်မြို့မှ ပို့ပေးမည် ဖြစ်ပါသည်။

မျိုးဥ ရောက်ရောက်ချင်း စိုက်ပျိုးနိုင်ဖို့ မြေဘောင်တွေ ကြိုတင်မျိုးဥ လတ်လတ်ဆတ်ဆတ်နဲ့ စိုက်ပျိုးနည်းပညာတွေကို မျှဝေပေးလျက်ရှိပြီး လေ့လာချင်သူများအနေဖြင့် 09 420 102 108 သို့ ဆက်သွယ်မေးမြန်း မှာယူနိုင်ကြောင်း သိရသည်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners